လာမည့်နှစ်အတွက် အင်ဒိုနီးရှားကစွမ်းအင်ထောက်ပံ့ကြေးဒေါ်လာ၃၈ဘီလျံတိုးမည်။
အကယ်၍ ကမ္ဘာ့ရေနံဈေးနှုန်းဟာ တစ်စည်ကိုအမေရိကန်ဒေါ်လာ ၁၄၀ သို့ရောက်ရှိမည်ဆိုပါက အင်ဒိုးနီးရှားအစိုးရက လာမဲ့နှစ်အတွက် စွမ်းအင်ကဏ္ဍ ထောက်ပံ့ကြေးကို ဒေါ်လာ ၃၈ ဘီလျံအထိတိုးပေးမှာဖြစ်ကြောင်း အင်ဒိုနီးရှားအရာရှိကြီးတစ်ဦးက ဇူလိုင်လ ၇ ရက်နေ့ကပြောကြားပါတယ်။လာမည့်နှစ်မှာ ရေနံအတွက်ထောက်ပံ့ကြေး ရူပီယာ ၂၅၀ ထရီလျံ (အမေရိကန် ဒေါ်လာ ၂၇ ဘီလျံခန့်) လိုအပ်မှာဖြစ်ဲပြီး ကျန် ရူပီယာ ၁၀၀ထရီလျံ (အမေရိကန် ဒေါ်လာ ၁၁ ဘီလျံခန့် ) ကိုလျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် သုံးစွဲမှာဖြစ်ကြောင်း ၊ အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး Sri Mulyani ကဇူလိုင်လ (၇)ရက်နေ့က ပြောကြားပါတယ်။အစိုးရ ရသုံးမှန်ခြေ ငွေစာရင်းမှာ ရေနံတစ်စည်ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၁၂၀ ဖြင့်ခန့်မှန်းတွက်ချက်ထားရာ ၂၀၀၉ ခုနှစ် အတွက် ရေနံတစ်စည်ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၁၄၀ ဖြင့် ခန့်မှန်းတွက်ချက်ရမည်ဟု ယူဆ ကြောင်း သူမက ပြောကြားပါတယ်။
ပြီးခဲ့တဲ့ခုနှစ်လအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းဟာ နှစ်ကြိမ်တက်ခဲ့ပါတယ်။ဒီလိုတက်ခဲ့တဲ့အတွက် ရေနံဈေးနှုန်းခန်းမှန်းချက်ကိုဆုံးဖြတ်ဖို့ အစိုးရအနေနဲ့အခက်အခဲရှိကြောင်း Mulyani ကပြောကြားပါတယ်။အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သောနိုင်ငံအများအပြားတွင် ရေနံဈေးနှုန်းမြင့်တက်မှုက ဆိုးဝါးသော ဂယက် ရိုက်ခတ်မူကိုဖြစ်စေခဲ့ရာ အင်ဒိုနီးရှားနိုင်ငံလည်းပါဝင်နေခဲ့ပါတယ်။ ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်နေမူကြောင့် မကြာမီက အာရှနိုင်ငံအများစုဟာ ရေနံဈေးနှုန်းတွေကို တိုးမြင့်ပေးခဲ့ရပါတယ်။ အစိုးရ ရသုံးမှန်းခြေ ငွေစာရင်းကို အာမခံပေးနိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံဟာ မကြာသေးမီက ရေနံဈေးနှုန်းကို ၂၇.၈ ရာခိုင်နှုန်းတိုးမြင့် ပေးခဲ့ပါတယ်။
Source:Xinhua.(7.7.08)
အယ်ဒီတာတစ်ဦး
|