MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (09- 07 - 08)

စားသောက်ကုန်ဈေးနှုန်းကို တိုးတက်လာစေတဲ့ ဇီဝလောင်စာဆီ။

ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်မှုမရှိသေးတဲ့ အစီရင်ခံစာအရ ဇီဝလောင်စာဆီထုတ်လုပ်မှုဟာ ကမ္ဘာ့စားသောက် ကုန်ဈေးနှုန်း ၇၅ ရာခိုင်နှုန်းတိုးတက်စေခဲ့တယ်လို့ ၄-၇-၂၀၀၈ နေ့ Guardian သတင်းစာက ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယနှင့် တရုတ်နိုင်ငံများမှ ၀ယ်လိုအား မြင့်တက်မှုဟာ စာသောက်ကုန်ဈေးနှုန်းမြင့်တက်မှုကိုဖြစ်ပွားစေခြင်းမရှိဟု အမေရိကန်သမ္မတ George W. Bush အခိုင်အမာ ပြောဆိုမှုကို သွေဖီလျက် အစီရင်ခံစာက ထုတ်ပြန်ခဲ့ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံများမှ ၀င်ငွေလျှင်မြန်စွာတိုးတက်နေခြင်းဟာ တစ်ကမ္ဘာလုံး သီးနှံစားသုံးမှုမှာ များများ စားစားတိုးတက်မှုမရှိသလို ဈေးနှုန်းမြင့်တက်နေမှုရဲ့ အဓိကအကြောင်း အရင်းလည်းမဟုတ်ဟု အစီရင်ခံစာက ပြောကြားခဲ့ပါတယ်။
သြစတြေးလျမှာ မိုးခေါင်ခဲ့တာကလည်း စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုအပေါ် သိသိသာသာ သက်ရောက်မှုမရှိကြောင်း၊ ဒါပေမယ့် ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံများမှာ ဇီဝလောင်စာပိုမို အသုံးပြုနေမှုဟာ အများဆုံး အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ ထပ်လောင်းဖော်ပြခဲ့ပါတယ်။
ပြန်ပြည့်မြဲ စွမ်းအင်အသုံးပြုမှု မြှင့်တင်တဲ့အနေနဲ့ ၂၀၂၀ခုနှစ်မှာ ဇီဝလောင်စာအသုံးပြုမှုကို သယ်ယူပို့ဆောင်ရေးအတွက် လောင်စာအသုံးပြုမှုရဲ့ ၁၀ ရာခိုင်နှုန်းတိုးမြှင့်အသုံးပြု ဖို့ ဥရောပသမဂ္ဂနိုင်ငံများက အဆိုပြုလျက်ရှိပါတယ်။
လောင်စာဆီထုတ်လုပ်မှုအတွက် စားသောက်ကုန် သီးနှံများကို ပြောင်းလဲထုတ်လုပ်ခြင်းကြောင့် စားသောက်ကုန်ဈေးကွက်ကို ပျက်စီးစေခဲ့ပြီး လောင်စာထုတ်လုပ်ဖို့အတွက် သီးခြားစိုက်ပျိုးရန် လယ်သမားများကို တိုက်တွန်းခဲ့ကြောင်းနဲ့ သီးနှံအပေါ်မှာ ငွေကြေးဆိုင်ရာ ဈေးကစားမှုများကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဖော်ပြခဲ့ပါ တယ်။


Source: Commodity Online
TZL