Trade News
| အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (07- 07 - 2010) |
ဗီယက်နမ်ငရုတ်ကောင်းတင်ပို့မှု ဈေးမြင့်တက်။
၂၀၁၀ ခုနှစ် ပထမ ၆ လအတွင်း ကမ္ဘာတွင် ငရုတ်ကောင်းအများဆုံးတင်သွင်းတဲ့ အမေရိကန်နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတို့မှာ တင်သွင်းမှုမြင့်တက်လာပြီး ဗီယက်နမ်နိုင်ငံရဲ့ ငရုတ်ကောင်းတင်ပို့မှုမြင့်တက်လာခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံက ယခုနှစ်အစောပိုင်းကာလတွင် ငရုတ်ကောင်းအမျိုးအစားအားလုံးရဲ့ တင်ပို့မှုမှာ တန်ချိန် ၇၉၂၁ တန်ရှိခဲ့ပြီး ၀င်ငွေဒေါ်လာ ၂၅ ဒသမ ၉ သန်းရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းအသင်းအဖွဲ့မှ သိရှိရ ပါတယ်။ ၂၀၁၀ ခုနှစ် ၆ လအတွင်း ဗီယက်နမ်ရဲ့ ငရုတ်ကောင်းတင်ပို့မှုပမာဏမှာ တန်ချိန် ၇၀၀၀၀ ကျော်ဖြစ်ပြီး ၀င်ငွေဒေါ်လာ ၂၁၈ သန်းရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ငရုတ်ကောင်းတန်ချိန် ၉၀၀၀၀ သာထွက်ရှိမှာ ဖြစ်သော်လည်း ငရုတ်ကောင်းတင်ပို့မှုပမာဏမှာ တန်ချိန် ၁၀၀၀၀၀ အထက်ဖြစ်မယ်လို့ မျှော်မှန်းကြောင်း သိရပါတယ်။
၂၀၁၀ ဇန်န၀ါရီလမှ မေလအတွင်း ဗီယက်နမ်နိုင်ငံရဲ့ ငရုတ်ကောင်းတင်ပို့မှုတန်ချိန်နဲ့ ပမာဏမှာ လွန်ခဲ့ တဲ့နှစ် ကာလတူကာလနဲ့ နှိုင်းယှဉ်ရင် လွန်စွာမြင့်မားခဲ့ကြောင်း အထွေထွေအကောက်ခွန်ဌာနမှ ပြောကြားခဲ့ပါ တယ်။ အမေရိကန်နိုင်ငံမှ ငရုတ်ကောင်းတင်သွင်းခဲ့တဲ့ တန်ချိန်နဲ့ တန်ဖိုးမှာ ၈၃၀၀ တန်နဲ့ ဒေါ်လာ ၂၇ သန်းဖြစ်ပြီး ပမာဏနဲ့ တန်ဖိုးမှာ ယခင်နှစ်ကာလတူကာလထက် ၉၁ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၁ ဆနီးပါးအသီးသီးတိုး မြင့်ခဲ့ပါတယ်။ ဒုတိယအများဆုံးတင်သွင်းတဲ့ ဂျာမဏီနိုင်ငံရဲ့ တင်သွင်းတဲ့တန်ချိန်နဲ့ တန်ဖိုးမှာ ၈၂၀၀ တန်နဲ့ ဒေါ်လာ ၂၆ သန်းဖြစ်ပြီး တန်ဖိုးနဲ့ ပမာဏမှာ ယခင်နှစ်ကာလတူကာလထက် ၂ ဒသမ ၅ ဆနီးပါးနဲ့ ၉၁ ရာခိုင်နှုန်းတိုးမြင့် ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံမှ အိန္ဒိယနိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံနဲ့ နယ်သာလန်နိုင်ငံတို့ကို ၄၄၀၀ တန်၊ ၄၂၀၀ တန်နဲ့ ၃၇၀၀ တန်တို့ အသီးသီးတင်ပို့ခဲ့ကြောင်း သိရပါတယ်။
Source:VOVNews.com(5-7-2010)
နှင်းပန်းဖြူ
|
|