MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (07- 07 - 2010)

ဗီယက်နမ်နိုင်ငံ၏ ချည်မျှင်နှင့် အ၀တ်အထည်ကဏ္ဍအနေဖြင့် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်။

ဗီယက်နမ်နိုင်ငံက လတ်တလောနှစ်ကာလများအတွင်း စီးပွားရေးဖွံ့ဖြိုးမှုပျမ်းမျှနှစ်စဉ် ၃၀ ရာခိုင်နှုန်းဖွံ့ဖြိုး တိုးတက်လာတဲ့အတွက် ကမ္ဘာ့ချည်မျှင်နဲ့ အ၀တ်အထည် ဈေးကွက်တွင် ၂ ဒသမ ၇ ရာခိုင်နှုန်းပါဝင်နိုင်ခဲ့ကာ အများဆုံးတင်ပို့တဲ့ နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှတင်ပို့တဲ့ ကုန်ချောပစ္စည်းများသာမ က ချည်မျှင်ဖိုင်ဘာကလည်း တူရကီနဲ့ ဘရာဇီးဈေးကွက်တို့တွင် နာမည်ကျော်ကြားလာခဲ့ပါတယ်။
၂၀၁၀ ခုနှစ် ပထမဆုံးသုံးလပတ်ကာလ ၂ ခုလုံးတွင် ဗီယက်နမ်နိုင်ငံက ချည်မျှင်နဲ့ အ၀တ်အထည်တင်ပို့ မှုမှာ ပို့ကုန်ဝင်ငွေဒေါ်လာ ၄ ဒသမ ၈ ဘီလီယံရရှိခဲ့ကာ ၂၀၀၉ ခုနှစ် အလားတူကာလထက် ၁၇ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး ရေနံစိမ်းတင်ပို့မှုထက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံပိုမိုရရှိခဲ့ကာ ချည်မျှင်နဲ့ အ၀တ်အထည်က ဗီယက်နမ် နိုင်ငံရဲ့ ထိပ်တန်းပို့ကုန်များထဲတွင် ပါဝင်လာခဲ့ပါတယ်။
ဈေးကွက်နိုင်ငံများအနေနဲ့ အမေရိကန်မှာ ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံးဈေးကွက်ဖြစ်ကာ ဖွံ့ဖြိုးတိုးတက် မှုနှုန်းအနေနဲ့ ၁၅ ရာခိုင်နှုန်း၊ ဂျပန်မှာ ဒုတိယ အကြီးမားဆုံး ဈေးကွက်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှုန်းအနေနဲ့ ၁၀ ရာခိုင် နှုန်း၊ တရုတ်(တိုင်ပေ)တောင်ကိုရီးယားနဲ့ အခြားအာဆီယံနိုင်ငံတို့မှာလည်း ဈေးကွက်သစ်များ ဖြစ်လာခဲ့ပါတယ်။ ဗီယက်နမ် နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများအနေနဲ့ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းအထိ အဲဒီဈေးကွက်များကို ချည်မျှင်နဲ့ အ၀တ်အထည် တင်ပို့ဖို့ စာချုပ်များ ချုပ်ဆိုထားကြပြီး ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဗီယက်နမ်နိုင်ငံက ချည်မျှင်နဲ့ အ၀တ်အထည် တင်ပို့မှုမှ ၀င်ငွေဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံရရှိဖို့ မျှော်မှန်းထားပါကြောင်း၊ ဗီယက်နမ်နိုင်ငံရဲ့ ချည်မျှင်နဲ့အ၀တ် အထည်ကဏ္ဍမှာ အခြားဈေးကွက်နိုင်ငံများနဲ့ ယှဉ်ပြိုင်လာနိုင်ပြီး အလားအလာကောင်းမွန်လျက်ရှိသော်လည်း အခြားတစ်ဖက်တွင် ငွေကြေး ဈေးကွက်ကုန်ကြမ်းဈေးများနဲ့ အလုပ်သမားလုပ်အားခများ မတည်ငြိမ်မှုစတဲ့အခက် အခဲများ ကြုံတွေ့နေရပါကြောင်း အသင်းဥက္ကဌ Le Quoc An ကပြောခဲ့ပါတယ်။

Source:VOVNews.com(5-7-2010)
မျိုးမျိုးထိုက်