MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (07- 07 - 08)

လယ်သမားများ ဆန်ဈေးနှုန်းမြင့်မြင့်ရောင်းချနိုင်ရေးနဲ့ ပြည်တွင်းဈေးနှုန်းသက်သာစေရေးကို စိတ်ဝင်စားတဲ့ထိုင်းနိုင်ငံ။

၂၀၀၇ ခုနှစ်၊ ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ တန်ချိန် ၉ ဒသမ ၅၅ သန်းထိ တင်ပို့နိုင်ခဲ့ပြီး ၀င်ငွေဒေါ်လာ ၆ ဘီလီယံထိ ရရှိခဲ့ပါတယ်။၂၀၀၈ ခုနှစ် ပထမလေးလကာလအတွင်း တန်ချိန် ၈ ဒသမ ၀၇ သန်း တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀ သန ရရှိခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ၇၃ ရာခိုင်နှုန်း တိုးတက်တင်ပို့ နိုင်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံမှာ မိုးခေါင်ပြီး ဂျုံပြတ်လပ်မှုဖြစ်ခဲ့စဉ်က အိန္ဒိယနိုင်ငံ ပြည်တွင်းစားသုံးမှု ကို ထိခိုက်မှာစိုးတဲ့အတွက် ၂၀၀၈ နှစ်ဆန်းပိုင်းမှာ အိန္ဒိယမှ ဆန်တင်ပို့မှုကို ရပ်ဆိုင်းထားခဲ့ပါတယ်။ဗီယက်နမ် ကလည်း ဆန်တင်ပို့မှုကို ပိတ်ပင်ထားတဲ့အတွက် ဇွန်လထဲမှာ ကမ္ဘာ့ဆန်ဈေးနှုန်းဟာ ဒေါ်လာ ၁၀၀၀ အထိ မြင့်တက်သွားပါတယ်။ အမှန်မှာတော့ ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေဖို့ အိန္ဒိယနဲ့ ဗီယက်နမ်တို့က ဆန်တင်ပို့မှု ကို တားမြစ်ခဲ့တာဖြစ်ပါတယ်။
ဆန်စပါးဈေးနှုန်းဟာ လောင်စာဆီထုတ်လုပ်မှုနဲ့လည်း ဆက်နွယ်မှုရှိပါတယ်။ ဆန်သယ်ယူပို့ဆောင် ရေးအတွက် လောင်စာဆီလိုအပ်ပါတယ်။ ဒါ့ကြောင့် လောင်စာဆီ ဈေးတက်တာနဲ့အမျှ ဆန်ဈေးလည်းတက်မှာ ဖြစ်ပါတယ်။လောင်စာဆီပြဿနာအပြင် စိုက်ပျိုးရေးနည်းပညာနဲ့ သွင်းအားစုများကြောင့်လည်း ဆန်ဈေးမြင့်မား စေမှာဖြစ်ပါ တယ်။ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို ဆည်မြောင်းများနဲ့ ရေပေးဝေခြင်း၊ သုတေသနပြုလုပ်ခြင်း တို့တွင် ရင်းနှီးမြှုပ်နှံအသုံးချမှုများဟာ အဓိကအားဖြင့် ထိုင်းနိုင်ငံ၌သာ ဖြစ်ပေါ်နေကြောင်း မည်သို့သောပြဿနာ ဖြစ်စေကာမူ ထိုင်းနိုင်ငံအနေနဲ့ အခြားနည်းလမ်းများရှာဖွေတာထက် လယ်သမားများဆန်ရောင်းချမှုမှာ ဈေးနှုန်းမြင့်မြင့်မားမား ရရှိရေးနဲ့ ပြည်တွင်းဈေးနှုန်းသက်သာစေရေးကို ပိုမိုစိတ်ဝင်စားလျက်ရှိတယ်လို့ သိရပါတယ်။

Source: Bangkok post
ခင်မာရီသိန်း