MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (07 - 07 - 08)

ကန်ဒေါ်လာထက် မြင့်လာတဲ့ ယူရို၊ ဂျပန် ယန်း နဲ့ တရုတ် ယွမ်။

အမေရိကန်နိုင်ငံမှာ အိမ်ဈေးနှုန်း ကျဆင်းမှုဟာ စားသုံးသူများရဲ့ ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ အမေရိကန်ရဲ့ အစီရင်ခံစာကြောင့် ယူရိုငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ အမေရိကန်ဒေါ်လာတန်ဖိုးကို ကျဆင်းလာစေခဲ့ပါတယ်။ ဇွန်လ ၂၈ ရက်နေ့က လန်ဒန်မှာ တစ်ယူရိုဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆၀၂ ရှိပြီး ဇွန်လ ၁၀ ရက်နေ့နောက်ပိုင်း အနိမ့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အမေရိကန်ဒေါ်လာ နဲ့ ယန်းငွေလဲလှယ်နှုန်းမှာလည်း ဒေါ်လာတန်ဖိုး ကျဆင်းခဲ့ပါတယ်။ တစ်ယူရိုကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅၅ မှ ၁ ဒသမ ၅၆၇ ကြားမှာ ရှိနေပြီး အမေရိကန် ၁ ဒေါ်လာလျှင် ဂျပန်ယန်း ၁၁၆ ဒသမ ၈ မှ ၁၁၇ ဒသမ ၈ အတွင်းပြောင်းလဲနေမယ်လို့ ခန့်မှန်းရပါတယ်။
အမေရိကန် ၁ ဒေါ်လာလျှင် တရုတ်ယွမ် ၆ ဒသမ ၈၇၀ ကို မြင့်တက်ခဲ့ပါတယ်။ အာရှငွေကြေးနဲ့ ပတ်သက်ရင် အပြောင်းအလဲမြန်ပြီး ဒုတိယနေရာမှာ ရှိတဲ့ ကိုရီးယားဝမ်ဟာ ပြည်တွင်းဈေးကွက်မှာ လာရောက်ကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများရဲ့ ငွေကြေးအရောင်းများကြောင့် အမေရိကန် ၁ ဒေါ်လာကို ၁၀၃၄ ဒသမ ၀၅ ၀မ်သို့ ကျဆင်းခဲ့ပါတယ်။

Source: AFP
ခင်မာရီသိန်း