MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (07- 07 - 08)

G8ခေါင်းဆောင်များက စားနပ်ရိက္ခာကပ်ဆိုက်မှုနဲ့ စပ်လျဉ်းပြီး အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထူထောင်။

G8 ခေါင်းဆောင်များဟာ စားနပ်ရိက္ခာကပ်ဆိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးကို လာမယ့်လမှာ ကျင်းပပြုလုပ်မယ့် ထိပ်သီးအစည်းအဝေး မှာ သဘောတူကြလိမ့်မယ်လို့ သတင်းရရှိပါတယ်။
အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ဆင်းရဲတဲ့နိုင်ငံများမှာ စားနပ်ရိက္ခာမဖူလုံမှုနဲ့ စပ်လျဉ်းပြီး စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖို့အတွက် စားနပ်ရိက္ခာတိုးမြှင့် ထုတ်လုပ်နိုင်ရေးကို ရည်ရွယ်တာဖြစ်တယ်လို့ Yomiuri Shimbunက ပြောကြားခဲ့ပါတယ်။
အဖွဲ့အနေနဲ့ ပို့ကုန်ကန့်သတ်ချက်များကို ဖယ်ရှားရန်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအတွက် သိုမှီးထားတဲ့ ကုန်ပစ္စည်းများ ကိုင်တွယ်စီမံရေးတို့ကို အဓိကထား ဆွေးနွေးသွားကြမှာဖြစ်ပါ တယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘမ်ကီမွန်းက ပြောကြားရာမှာ ဇူလိုင်လအတွင်း ဂျပန်မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာ့စားနပ်ရိက္ခာကပ်ဆိုက်မှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲ နွမ်းပါးမှုများတိုက်ဖျက်ရေးကို ကိုင်တွယ်ဖြေရှင်းဖို့ တွန်းအားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
G8 အဖွဲ့မှာ ဗြိတိသျှ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ရုရှားနဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။ G8 ခေါင်းဆောင်များအား ယခုထိပ်သီးအစည်းအဝေးမှာ ကြေညာချက် တစ်ခု ထုတ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။
G8 ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးမှာ ဇွန်လအစောပိုင်းက ကျင်းပခဲ့တဲ့ ဆီနှင့် စားနပ်ရိက္ခာဈေးမြင့်မှုဟာ ကမ္ဘာနဲ့အ၀ှမ်း တည်ငြိမ်မှုကို ပြင်းထန်တဲ့ စိန်ခေါ်မှုဖြစ်ကြောင်းနဲ့ ပိုမိုဆင်းရဲနွမ်းပါးစေပြီး ငွေကြေး ဖောင်းပွစေရန် လှုံ့ဆော်ရာ ရောက်လျက်ရှိတယ်လို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

Source: the dailystar.net
KKCM