Trade News
| အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (06- 07 - 2010) |
တရုတ်-အာဆီယံ FTA ကြောင့် အာဆီယံကုန်သွယ်မှုကိုမြင့်မားစေ။
၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစပြီး သက်ဝင်လှုပ်ရှားခဲ့တဲ့ တရုတ်-အာဆီယံလွတ်လပ်တဲ့ ကုန်သွယ် မှုဧရိယာအစီအစဉ်က တရုတ်နဲ့ အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏကို စတင်အကောင်အထည်ဖော် တဲ့နေ့မှစပြီး ထူးထူးခြားခြားတိုးတက်စေခဲ့ကြောင်း ကုန်သွယ်မှုပြုတဲ့ ထိုင်း၊ မြန်မာ၊ လာအိုစတဲ့နိုင်ငံများတွင် ကုန်စည် အများအပြားစီးဝင်တင်သွင်း ကုန်သွယ်နေကြပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံအရှေ့မြောက်ဘက်ရှိ မယ်ဆိုင်တွင် တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်မှုမရှိပေမဲ့ တရုတ်ထွက်ကုန် အမြောက်အများကို အဲဒီဒေသမှာ တွေ့ရပြီး မယ်ဆိုင်တွင်သာမက မြန်မာနဲ့ လာအို အထူးသဖြင့် နယ်စပ်မြို့များ တွင်လည်း တရုတ်ကုန်ပစ္စည်းများမှာ ထင်ပေါ်ကျော်ကြားမှုရှိနေကြောင်း သိရပါတယ်။
FTA က တရုတ်နိုင်ငံရဲ့ ဈေးသက်သာတဲ့ ကုန်ပစ္စည်းတွေကို အာဆီယံကိုပို့ပေးရုံသာမက အာဆီယံဒေသမှ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အရေးသစ်များကိုလည်း ပေါ်ထွန်းလျက်ရှိပါတယ်။ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံကို ၂၀၁၀ ခုနှစ် ပထမ ၂ လအတွင်း တင်ပို့မှုပမာဏမှာ အရင်နှစ်အလားတူကာလကထက် ၈၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံက ထိုင်းနိုင်ငံရဲ့ အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်လာပါတယ်။
၂၀၁၀ ခုနှစ် ပထမ ၅ လအတွင်း လေ့လာချက်အရ တရုတ်နဲ့ အာဆီယံအကြား ကုန်သွယ်မှုက ၆၀ ရာခိုင်နှုန်းနီးပါးတိုးတက်ခဲ့ပါတယ်။
Source:news.xinhuaret.com(2-7-2010)
ပပ
|
|