MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (06 - 07 - 2010)

အိန္ဒိယရော်ဘာထုတ်လုပ်မှု ဇွန်လတွင် ၅ ရာခိုင်နှုန်းမြင့်တက်။

အိန္ဒိယနိုင်ငံရဲ့ ရော်ဘာအထွက်နှုန်းဟာ ဈေးနှုန်းတွေတက်ပြီး ရော်ဘာထွက်တဲ့ဧရိယာတွေ ပိုမိုကျယ်ပြန့် လာတာကြောင့် ယခုနှစ်အစပိုင်းထက် ဇွန်လမှာ ၅ ရာခိုင်နှုန်းတက်ခဲ့တယ်လို့ ရော်ဘာအသင်းရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ ရော်ဘာသုံးစွဲမှုဟာ ၇၄၂၂၀ မက်ထရစ်တန်ကနေ ၇၅၀၀၀ မက်ထရစ်တန်ကိုတက်ခဲ့ပြီး ရော်ဘာတင်သွင်းမှုကတော့ ၅၄ ရာခိုင်နှုန်းကျဆင်းခဲ့ရာ ယခင်နှစ်က ၂၀၂၅၈ မက်ထရစ်တန်ရှိခဲ့ပြီး ယခုနှစ်မှာ ၉၂၅၅ မက်ထရစ်တန်သာရှိတော့ကြောင်းသိရပါတယ်။ ရော်ဘာတုထွက်ရှိမှုကတော့ ၂၀၀၉-၂၀၁၀ မှာ ၉၆၇၃၉ မက်ထရစ်တန်ကနေ ၁၀ ဒသမ ၃ ရာခိုင်နှုန်းတိုးပြီး ဒီနှစ်မှာ ၁၀၆၇၄၃ မက်ထရစ်တန်ရှိကြောင်း ရော်ဘာ အသင်းရဲ့ကိန်းကဏန်းများအရသိရပါတယ်။ ရော်ဘာတုဝယ်လိုအားက ၁၈ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မက်ထရစ် တန်ချိန် ၃၄၇၇၁၀ ဖြစ်ခဲ့ပါတယ်။ ရော်ဘာတုတင်သွင်းမှုကတော့ ၃၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင်နှစ်က မက်ထရစ်တန် ၁၉၀၆၃၀ က မက်ထရစ်တန် ၂၅၀၂၁၀ ကိုရောက်ရှိခဲ့ပါတယ်။ မော်တော်ကား တာယာ ထုတ်လုပ်ရေးလုပ်ငန်းတွေက ရော်ဘာတုဝယ်ယူမှုဝယ်လိုအားတွေတက်ခဲ့ခြင်းဖြစ်ပါတယ်။ ရောင်းလိုအားနဲ့ ၀ယ်လို အားမမျှတာကြောင့် လာမယ့်နှစ်မှာရော်ဘာဈေးနှုန်း ၂၆ ရာခိုင်နှုန်းအထိ တက်နိုင်ဖွယ် ရှိတယ်လို့Royal Bank of Scottand Asia Securities (Singapore) ကပြောကြားခဲ့ပါတယ်။ ယခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ရော်ဘာစိုက်ပျိုးမှု ဧရိယာ ၃ ရာခိုင်နှုန်းတိုးမြှင့်မှာဖြစ်ကြောင်း ရော်ဘာအသင်းရဲ့ပြောရေး ဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က စိုက်ပျိုးမြေ ၆၈၅၀၀၀ ဟတ်တာကနေ ယခုနှစ်မှာ ၇၀၅၀၀၀ ဟတ်တာထိတိုးခဲ့ပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့စတုတ္ထအကြီးဆုံးရော်ဘာထုတ်လုပ်သူဖြစ်ပြီး ၂၀၁၀-၂၀၁၁ မှာမက်ထရစ်တန် ၈၉၃၀၀၀ ထုတ်လုပ်နိုင် မယ်လို့ မျှော်မှန်း ထားပါ တယ်။ ယခုနှစ်တွင် ရော်ဘာရောင်းလိုအား ကျဆင်းနိုင်ပြီး မေလတွင် ၆ ဒသမ ၁ ရာခိုင်နှုန်းမှ ၅ ဒသမ ၂ ရာခိုင်နှုန်းထိရောက်ရှိခဲ့ကြောင်း ရော်ဘာ ထုတ်လုပ်သည့် နိုင်ငံများအသင်းမှ ခန့်မှန်းချက်အရသိရှိရပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့အပင်များရဲ့ သက်တမ်းအရ ရော်ဘာရောင်းလိုအား အကန့်အသတ်ရှိနိုင်ကြောင်း သတင်း ရရှိပါတယ်။
Source:commodity online
KZW