ဂျုံပိုမိုစားသုံးလာသော အင်ဒိုနီးရှား၊ ဂျုံတင်သွင်းမှုမြင့်တက်လာ။
ဂျုံစားသုံးမှုမြင့်တက်လာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် ဂျုံပိုမိုတင်သွင်းမည်ဟု ကြေငြာခဲ့ သည့်တိုင် ကမ္ဘာ့ဂျုံဈေးနှုန်းပြောင်းလဲဖွယ်မရှိကြောင်း၊ မြင့်တက်လာ သော ၀ယ်လိုအားအတိုင်း ပြည့်မီရန် ဂျုံစက်ရုံ ပိုင်ရှင်များ၏ လုပ်ငန်းချဲ့ထွင်လာမှုကြောင့် ယခုနှစ်ဂျုံတင်သွင်းမှုတန်ချိန် ၅ သန်းရောက်ရှိရန် တန်ချိန် ၅ သိန်း ထပ်မံတင်သွင်း မည်ဖြစ်ကြောင်း အင်ဒိုနီးရှားဝန်ကြီးဌာနအရာရှိများမှ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားလူမျိုးများဟာ အဓိကအစားအစာဆန်အပြင် ဂျုံမှုန့်အခြေခံထုတ်ကုန်များတဲ့ အသင့်စား ခေါက်ဆွဲ၊ ပေါင်မှုန့်တို့ကို ပိုမိုစားသုံးတဲ့အတွက် ဂျုံတင်သွင်းမှုမြင့်မားလာ ကြောင်း၊ ဂျုံမှုန့်စက် ပိုင်ရှင်အသစ် လေးဦးကလည်း ဂျုံတင်သွင်းမှုတိုးမြင့်ဖွယ်ရှိခြင်းနဲ့ များပြားလာတဲ့ ပြည်တွင်းလိုအပ်ချက်ပြည့်မိဖို့ ဒီနှစ်မှာ စက်ရုံစတင် လည်ပတ်ရန် မျှော်လင့်ကြကြောင်း သိရပါတယ်။
မကြာသေးမီလများက ဂျုံဈေးနှုန်း အပြောင်းအလဲဖြစ်ခြင်းနှင့် ၀ယ်လိုအားများပြားလာပေမဲ့ အင်ဒိုနီးရှား ဂျုံမှုန့်ထုတ်လုပ်သူအများစုမှာ ဒီနှစ်စက်တင်ဘာလအထိ ဖြန့်ဖြူးရန် ဂျုံလုံလုံလောက်လောက် ရှိနေတဲ့အတွက် ပြည်တွင်းဂျုံဈေးနှုန်းမှာ မြင့်တက်မည်မဟုတ်ကြောင်း၊ ဒီနှစ်ပထမလေးလပတ်အတွင်း ဂျုံဈေးနှုန်း ပြောင်းလဲခြင်း မရှိသေးဘဲ တစ်တန်ကန်ဒေါ်လာ ၄၅၀-၅၀၀ ဈေးနဲ့ ရောင်းချဖို့အတွက် လုံလုံလောက်လောက်ရှိကြောင်း ကုန်သည်များမှပြောကြားပါတယ်။
အရှေ့တောင်အာရှနိုင်ငံများဟာ ဇွန်လ ၁ ရက်မှစတင်တဲ့ ဈေးကွက်ရှာဖွေသောနှစ် (marketing year) အတွင်း အမေရိကန်ဂျုံတန်ချိန် ၁.၂ သန်းတင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၄၅၀၀၀၀ ပိုမိုတင်သွင်းခဲ့ပါတယ်။ ဈေးကွက်ရှာဖွေသောနှစ်အတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်အပါအ၀င် အမေရိကန်မှ ဂျုံတင်သွင်းသောနိုင်ငံများ တိုးတက်လာခဲ့ပါတယ်။
သို့ရာတွင် တောင်အာရှအတွင်း အမေရိကန်ဂျုံရောင်းချမှု နည်းပါးပါတယ်။ အမေရိကန်နိုင်ငံအတွင်းနဲ့ ကမ္ဘာတစ်ခုလုံး ဂျုံအများအပြားရိတ်သိမ်းရဖွယ်ရှိခြင်းကြောင့် လွန်ခဲ့သောလအနည်းငယ်က ဂျုံဈေးနှုန်းကျဆင်း ခဲ့ရပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ သြစတြေလျဂျုံသီးနှံ မိုးရေလိုအပ်ခြင်းတို့က ရေတိုကာလအတွင်း ဈေးနှုန်းအထောက်အပံ့ဖြစ်စေသော အချို့အကြောင်းရင်းများဖြစ်ပါတယ်။
CTM
Source: Commodityonline
|