ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် ဇွန်လ ၃၀ ရက်နေ့၌ ဈေးကျသွားခြင်း။
ဆန်ဝယ်ယူသူအများစုသည် ဆန်ဈေးနှုန်းကျဆင်းသွားမည့်အချိန်ကို စောင့်ဆိုင်းလျက်ရှိသောကြောင့် ယခုတပတ်တနင်္လာနေ့တွင် ထိုင်းဆန်ပို့ကုန်ဈေးနှုန်းများ ကျဆင်းသွားခဲ့ ရသည်။
ထိုင်းဆန် ၁၀၀ ရာခိုင်နှုန်း grade B ၏ ဇွန်လ ၃၀ရက်နေ့ ဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၇၄၀-၈၄၀ (FOB)၊ ၅ ရာခိုင်နှုန်း ဆန်ကွဲပါသော ဆန်မှာ တစ်တန်လျှင် ကန်ဒေါ်လာ ၇၂၀-၈၄၀ (FOB)နှင့် ပြုတ်ဆန် ၁၀၀ ရာခိုင်နှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၇၉၀-၉၀၀ (FOB) ဈေးနှုန်းသို့ ကျဆင်းသွားခဲ့သည်။ ယခင်တပတ်နှင့် နှိုင်းယှဉ်ရာတွင် ထိုဈေးနှုန်းများသည် တစ်တန်လျှင် ကန်ဒေါ်လာ ၂၀ သို့ ကျဆင်းသွားခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုင်းနိုင်ငံသည် ကမ္ဘာတွင် ဆန်အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်သည်။
Source: www.oryz.com
အေးမွန်မွန်လှိုင်
|