MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (03- 07 - 08)

မရွံ့မရဲ ရွှေအ၀ယ်နည်း။

အိန္ဒိယတွင် လူအများက ရွှေဝယ်ရန်တွန့်ဆုတ်နေကြတယ်။ ယခုနှစ်အတွင်း ရွှေဈေးမှာ မှတ်တမ်းတင် အဆင့်ရောက်အောင် တိုးမြင့်ခဲ့သည်။ ထို့ကြောင့်ရွှေဝယ်၍ ပြည်တွင်းသို့ သွင်းရန် ဈေးနှုန်းမြင့်တက်မှုကြောင့် နှောင့်နှေးလျက်ရှိသည်။ ယခုနှစ် မေလ ရွှေဝယ်ယူတင်သွင်းမှုမှာ ယခင်နှစ်မေလတင်သွင်းမှုထက် ၅၂ ရာခိုင်နှုန်း လျော့ကျသည်ဟု မွန်ဘိုင်း ရွှေရောင်းဝယ်ရေး၏အသင်း၏ စာရင်းအရသိရသည်။ ယခုနှစ်ပထမ ၅ လအတွင်း ရွှေတန်ချိန် ၁၀၈ တန်သာ သွင်းနိုင်ပြီး ယခင်နှစ်ကတန်ချိန် ၃၀၀ သွင်းနိုင်ခဲ့ကြောင်း သိရသည်။
အိန္ဒိယပြည်တွင်းရွှေဈေးများမှာ ယခင်နှစ်ကထက် သုံးပုံတစ်ပုံခန့်ဈေးတက်လာကြောင်း တွေ့ရသည်။ ဇွန်လနောက်ဆုံးအပတ်ပေါက်ဈေးမှာ ၁၀ ဂရမ်လျှင် ရူပီး ၁၂၅၄၀ ဈေးဖြတ်ခဲ့သည်။ ရွှေလေ့လာသူ Niren Mehta က ပြည်သူများအနေဖြင့် ဈေးနှုန်းမြင့်တက်မှုကြောင့် ၀ယ်ယူသိုလှောင်ရန် ခက်ခဲနေကြောင်း၊ တစ်ဖက် မှလည်း အရေးကြီး စားသောက်ကုန်စည်များမှာ ငွေကြေးဖောင်းပွမှုကြောင့် ဈေးမြင့်တက်မည်ကို စိုးရိမ်နေကြရာ ရွှေအပေါ်စိတ်ဝင်စားမှုလျော့နည်းကြောင်း ပြောဆိုခဲ့သည်။ ရေနံဈေးနှုန်းနှင့် ရွှေဈေးနှုန်းမှာ ရေနံ၏ အတက် အကျပေါ်မူတည်နေကာ ၀ယ်လိုအားကျဆင်းမှုဖြစ်ပေါ်စေခဲ့သည်ဟု ၎င်းင်းကဆိုသည်။
လက်လီအ၀ယ်သမားများက ၀ယ်လိုအားနှေးနေ၍ များများမ၀ယ်သလို ရင်းနှီးသူများကလည်း ရွှေရင်း နှီးရန်တွန့်ဆုတ်နေကြသည့် အင်္ဂလန်နိုင်ငံ ရွှေအတိုင်ပင်ခံ V M Group မှစာရင်းအရ ၂၀၀၆ ခုနှစ်က တန်ချိန် ၂၅၄ တန် ၂၀၀၇ ခုနှစ်က တန်ချိန် ၂၆၂ တန်ဈေးကွက်အရောင်းအ၀ယ်ဖြစ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် အရောင်းအ၀ယ်အိပ်ချိန်းဌာန ၁၄ ခုမှ တန်ချိန် ၅၂ တန်သာ အရောင်းအ၀ယ်ဖြစ်ကြောင်း သတင်းရရှိသည်။

Source:commodity online
WWN