MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (03- 07 - 08)

ပုံမှန်အထက် ရွာသွန်းမယ့်မိုးက စိုက်ပျိုးရေးကဏ္ဍအတွက်ကောင်းမွန်။

ယခုမုတ်သုန်ကာလအတွင်း ပါကစ္စတန်တောင်ပိုင်း၊ ပန်ချပ်နဲ့ ဆင်းဒက်ခ်ျအပါအ၀င် နိုင်ငံရဲ့အရှေ့ပိုင်း ဒေသတွေမှာ ပုံမှန်အထက်ရွာသွန်မယ့်မိုး ကြိုတင်ခန့်မှန်းချက်က စိုက်ပျိုးရေးကဏ္ဍအပေါ် ကောင်းတဲ့ အကျိုးဆက်များ ဖြစ်ပေါ်မယ်လို့ အမျိုးသား မိုးလေ၀သခန့်မှန်းဌာန ညွှန်ကြားရေးမှူး Akram Anjum မှ ပြောကြားခဲ့ပါတယ်။
စောစောစီးစီး ၀င်ရောက်လာတဲ့ မုတ်သုန်မိုးဟာ ပူပြင်းလှတဲ့နွေရာသီအပူချိန်ကို လျော့ကျစေမှုနဲ့အတူ ပြည်သူတွေကို ပျော်ရွှင်ချမ်းမြေ့မှုတွေ သယ်ဆောင်လာပါတယ်။ ပျမ်းမျှမိုးရေချိန်ထက်ပိုမယ့် ယခုနှစ်မုတ်သုန်မိုးဟာ စိုက်ပျိုးရေးကဏ္ဍအတွက် အကျိုးကျေးဇူးဖြစ်စေမယ်လို့ ၄င်းကပြောခဲ့ပါတယ်။
သီးနှံစိုက်ပျိုးတဲ့ ဧရိယာတွေ လုပ်ငန်းစတင်ဖို့ မုတ်သုန်မိုးဟာ အဓိကအရေးပါပြီး မိုးဆက်လက်ရွာခြင်းဟာ မုတ်သုန်ရာသီ သီးနှံများအတွက် စိုက်ပျိုးမှုစောစွာ လုပ်ဆောင်နိုင်တဲ့အတွက် Potahar နဲ့ မြောက်ပိုင်းဒေသတွေမှာ မုတ်သုန်ရာသီသီးနှံများကို ယခုနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြပါတယ်။ အဆက်မပြတ် ရွာသွန်းတဲ့ မိုးဟာ ပဲပုပ်၊ မြေပဲ၊ အခြားပဲများအတွက်လည်းအကျိုးရှိမယ်လို့ ၄င်းမှပြောကြားခဲ့ပါတယ်။။

Source: riceonline.com
CTM