MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (03- 07 - 08)

အာဆီယံ (ASEAN)နိုင်ငံများက တင်သွင်းမဲ့ ကုန်ပစ္စည်းအမြောက်အများကို ဗီယက်နမ်နိုင်ငံက အခွန်လျော့ချတော့မယ်။

ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာနက အာဆီယံ (ASEAN)နိုင်ငံတွေက တင်သွင်းမဲ့ထောင်ပေါင်းများစွာသော သွင်းကုန်ပစ္စည်းစာရင်းများကို ထုတ်ပြန်ခဲ့ပြီး နောက် ၅ နှစ်တွင် တင်သွင်းခွန်လျော့ချခြင်းမှ အကျိုးကျေးဇူး များရရှိလိမ့်မယ်လို့ သိရပါတယ်။
အဲဒီလိုဆောင်ရွက်မှုတွေဟာ အာဆီယံ (ASEAN)နိုင်ငံများအတွက် ဘုံအကျိုးတူအကောက်ခွန် သက်သာခွင့် အစီအစဉ် (CEPT) သဘောတူညီမှုကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကတိက၀တ်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်းဖေါ်ပြခဲ့ပါတယ်။
အာဆီယံ(ASEAN)ဒေသတွင်းနိုင်ငံတွေက တင်သွင်းတဲ့ အနုပညာပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ စက္ခုအာရုံနဲ့ ဆိုင်သော အသုံးအဆောင်ပစ္စည်းများ၊ တိရစ္ဆာန်အရှင်များနဲ့ သစ်သီးဟင်းသီးဟင်းရွက် တွေအပါအ၀င် ထောင်ပေါင်းများစွာသော သွင်းကုန်ပစ္စည်းများအပေါ် ၀ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းကြားတွင် အခွန်ကောက်ခံလိမ့်မယ်လို့ သိရပါ တယ်။
အခြေခံစားသောက်ကုန်အချို့အပေါ်မှာ တင်သွင်းခွန်ကို ၂၀၁၃ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း သို့ လျော့ချမှာဖြစ်ပြီး အဲဒီအထဲမှာ ဆန်၊ ကြက်၊ ဘဲဥများနှင့် ကျွဲကော်သီး တို့ပါဝင်ပါတယ်။ သကြားထွက်ကုန်များ အပေါ်တွင် ၂၀ ရာခိုင်နှုန်းမှ ၅ရာခိုင်နှုန်းအထိနှင့် အသားများအပေါ်တွင် တင်သွင်းခွန်ကို ၂၀၁၃ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချသွားမှာဖြစ်ပါတယ်။
ကားနဲ့ကားအပိုပစ္စည်းများကိုလည်း တင်သွင်းခွန်လျှော့ချမှာဖြစ်ပါတယ်။ ထိုင်ခုံ ၁၀ ခုပါ ဒါမဟုတ် ဒီထက်ပိုမိုသော ကားများတင်သွင်းခွန်ကို ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ၈၃ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း သို့ လည်းကောင်း ၂၀၁၃ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းသို့ လည်းကောင်း အခွန်လျော့ချလိမ့်မည်ဖြစ်ကြောင်း သိရပါတယ်။
ဒီဇိုင်းဆန်း ကားတွေကို လောလောဆယ်တွင် ၁၀ ရာခိုင်နှုန်းနဲ့ကောက်ခံနေရာမှ ၅ ရာခိုင်နှုန်း သာ ကောက်ခံသွားမှာဖြစ်ပါတယ်။ လူနာတင်ကား၊ မီးသတ်ကားနှင့် အကျဉ်းထောင်ကားကဲ့သို့သော ကားများကို အခွန်ကောက်ခံမှာမဟုတ်ကြောင်း သိရပါတယ်။အဲဒီကားတွေရဲ့ အပိုပစ္စည်းများကို ၅ ရာခိုင်နှုန်းသို့ အခွန်လျှော့ချခြင်းဖြင့် အကျိုး ရလာဒ်များရရှိစေလိမ့်မည်ဖြစ်ပါတယ်။
အာဆီယံ(ASEAN)ဒေသတွင်းက မော်တော်ကားများ တင်သွင်းခွန်ကို ၂၀၁၂ ခုနှစ်တွင် ၉၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းသို့ လည်းကောင်းလျှော့ချမှာဖြစ်တယ်လို့ သိရပါတယ်။ စက်ဘီး၊ မော်တော်ဆိုင်ကယ်နှင့်အပိုပစ္စည်းများကို ၂၀၀၈ ခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ အခွန် လျော့ချ ခြင်းဖြင့် အကျိုး ရလဒ်များရရှိ လာကြမှာဖြစ်ပါတယ်။
အခွန်လျော့ချမှုအတွက် ပင်ရင်းနိုင်ငံအသိအမှတ်ပြုလက်မှတ်နဲ့ အာဆီယံ(ASEAN)နိုင်ငံများမှ ဗီယက်နမ်သို့ ကုန်ပစ္စည်းများ တိုက်ရိုက်တင်သွင်းရမဲ့ အချက်များနဲ့ ကိုက်ညီမှု ရှိမှသာ အဲဒီအကောက်ခွန် ကင်းလွတ်ခွင့်ကို ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။

Source: VNA
TZL