MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (01- 07 - 08)

တရုတ်ပြည် နွေသီးနှံတန် ၁၂၀ တန်ထွက်မည်မှန်း။

ဒီနှစ် နွေရာသီမှာ တရုတ်ပြည်ရဲ့သီးနှံအထွက်ဟာ တန်ချိန် ၁၂၀ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထား ကြောင်း၊ ယခင်နှစ်ကထက်တန်ချိန် ၂ ဒသမ ၅ သန်းပိုထွက်မှာဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး Sun Zhengcai က ဇွန်လ (၂၂) ရက်နေ့ကပြောကြားပါတယ်။
၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခဲ့တဲ့အချိန်ကစပြီး ငါးနှစ်ဆက် တိုက်နွေရာသီ သီးနှံအထွက်ကောင်းခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကျေးလက်ဒေသကို လှည့်လည်ခဲ့သော Sun ကပြောကြားပါတယ်။
မုန့်ညှင်းစေ့အထွက်ဟာ သုံးနှစ်ဆက်တိုက်အထွက်ကျဆင်းခဲ့ရာက ယခုနှစ်မှာ တန်ချိန် ၄ သိန်း ကျော်တိုးပြီး ၁၁ ဒသမ ၈၅ သန်း ထွက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။
သဘာဝဘေးအန္တရာယ်တွေနဲ့ ပိုးမွှားကျရောက်မှုအကြီးအကျယ်ခံစားခဲ့ရပေမဲ့ တိုက်ရိုက် ထောက်ပံ့ကြေးထုတ်ပေးတာအပါအ၀င် သီးနှံစိုက်ပျိုးရေးအတွက် လယ်သမားတွေကို အစိုးရကဆွဲဆောင်မှု တွေပေးတဲ့အတွက် ဒီလိုအထွက်တိုးခဲ့တာဖြစ်ကြောင်း ၀န်ကြီးကပြောကြားပါတယ်။
လယ်ယာထောက်ပံ့ကြေးဟာ ယခုနှစ်မှာ ၈၅ ရာခိုင်နှုန်းတိုးပြီး ယွမ် ၉၅ ဒသမ ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈ ဘီလျံ) ထိရှိမယ်လို့ဆိုပါတယ်။
တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှုနောက်ကွယ်မှာ စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်မှုက အဓိက မောင်းနှင်အားဖြစ်နေလို့ လွန်ခဲ့တဲ့နှစ်ကတည်းက တရုတ်အာဏာပိုင်တွေက သီးနှံ စိုက်ပျိုးရေးကိုအားပေး နိုင်ဖို့အတွက် အစီအမံတွေဆက်တိုက်ချမှတ်ပေးခဲ့ပါတယ်။
ရေလွှမ်းမိုးမှု၊ မိုးခေါင်ရေရှားဖြစ်မှု၊ မုန်တိုင်းတိုက်ခတ်မှုနဲ့ ပိုးမွှားကျရောက်မှုတို့အပါအ၀င် အခြားသော အပျက်သဘောကိုဖြစ်စေမဲ့အကြောင်းတရားများကို သတိရှိရန်ဝန်ကြီးက သတိပေးထားပါတယ်။
နွေသီးနှံဟာ အမြဲတမ်းအားဖြင့် တစ်တိုင်းပြည်လုံးကထွက်ရှိတဲ့ နှစ်စဉ်သီးနှံအထွက်ရဲ့ ၂၃ ရာခိုင်နှုန်းခန့်ထိရှိတတ်ပါတယ်။

Source: chinaview.cn (22.6.2008)
အယ်ဒီတာအဖွဲ့ဝင်တစ်ဦး