MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (28 - 08 - 08)

အင်ဒိုနီးရှား၌ လောင်စာဆီလက်လီရောင်းသူများ ဇီဝလောင်စာရောင်းချရန် အမိန့်ထုတ်ပြန်။

အင်ဒိုနီးရှားနိုင်ငံတွင် ထုတ်ပြန်သည့် မူဝါဒအရ လောင်စာဆီ လက်လီရောင်းသူများသည် ဇီဝ လောင်စာကို မဖြစ်မနေ ရောင်းရမည့်ဖြစ်ကြောင်း၊ သို့ရာတွင် ၎င်းအမိန့်လိုက်နာတဲ့ အတွက် အစိုးရက မက်လုံးတစ်စုံတစ်ရာပေးမည်မဟုတ်ကြောင်း အင်ဒိုနီးရှားသတင်းဌာနက ဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ လောင်စာရောင်းချတဲ့ ပမာဏစုစုပေါင်းတွင် ဇီဝဒီဇယ်ပါဝင်မှု အချိုးအစားသည် တစ်ရာခိုင်နှုန်းထက်မနည်းရှိရန် လိုအပ်တယ်လို့ စွမ်းအင်နဲ့ သတ္တုတွင်း ၀န်ကြီးဌာန ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အီဗစ်တာလီဂိုဂိုက ပြောကြားပါတယ်။ လောင်စာ လက်လီရောင်းချသူများအတွက် ဘိုင်အိုအီသနော အနည်းဆုံး လိုအပ်ချက်မှာ ၃ ရာခိုင်နှုန်းမျှသာ ဖြစ်တယ်လို့၎င်းင်းကပြောကြားပါတယ်။

Source: MNA Xinhua
တင်ချိုဦး