အီရန်တွင် ဂျုံအထွက်နှုန်းမကောင်းသောကြောင့် အမေရိကန်ပြည်ထောင်စုမှ ၀ယ်ယူသွားမည်။
အီရန်သည် ယခုနှစ်တွင် ဂျုံအမြောက်အများကို ၀ယ်ယူသွားရန် ဈေးကွက် ရှာဖွေလျှက်ရှိကြောင်း အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန (USDA) မှ ပြောကြားလိုက်ပါတယ်။ ယေဘူယျအားဖြင့် အီရန်ဟာ ပင်လယ်နက်ဒေသ (သို့မဟုတ်) သြစတြေးလျ မှ ဂျုံများကိုဝယ်ယူနေကြဖြစ်ပါတယ်။ ယခုနှစ်မှာ သြစတြေးလျက ဂျုံအထွက်နှုန်း မကောင်းမွန် တာကြောင့် အမေရိကန်ပြည်ထောင်စုမှ ဂျုံကိုဝယ်ယူတင်သွင်းရန် အကြောင်းဖန် လာခဲ့ပါတယ်။
အီရန်ဟာ ၁၉၈၁ခုနှစ်ကတည်း ကနိုင်ငံရေးပြဿနာများကြောင့် အမေရိကန်ပြည်ထောင်စုမှ ဂျုံကို မ၀ယ်ယူခဲ့ပေ။ ဒါပေမဲ့ယခုနှစ်မှာမိုးခေါင်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရလို့ ပြီးခဲ့တဲ့လက အမေရိကန် ပြည်ထောင်စုမှ ဆောင်းသီးနှံဂျုံကို ဘူရှယ် ၄၃ သန်းဝယ်ယူခဲ့ရပါတယ်။ (တစ်ဘူရှယ် = ၁၂.၂၇ ပေါင်)
အီရန်နိုင်ငံအနေနဲ့ ယခုနှစ်တွင်ဂျုံတန်ချိန် ၄ သန်းမှ ၅ သန်းကို ကမ္ဘာ့ဈေးကွက်မှ ၀ယ်ယူမည်ဖြစ်ကြောင်း USDA အရသိရှိရပါတယ်။ အမေရိကန်ပြည်ထောင်စုမှ ထွက်ရှိသော ဂျုံမှာအရည်အသွေးကောင်းမွန်ပါတယ်။ အကယ်၍ သြစတြေးလျနဲ့ အာဂျင်တီးနားတို့မှာ ဂျုံရောင်းလိုအားကောင်းမွန်ပါက အီရန်မှဝယ်ယူသွားမည်ဖြစ် ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်နိုင်ငံတွင် မိုးခေါင်မှုဆက်လက်ဖြစ်ပေါ်ပါက အီရန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ ဂျုံကိုဝယ်ယူသွားမည်ဖြစ်ပါတယ်။
Source: farmfutures.com (25.8.08)
အေးမွန်မွန်လှိုင်
|