MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (27 - 08 - 08)

မှိုစားသုံးခြင်းဖြင့် အလွန်ဝဖြိုးခြင်းကို ကာကွယ်စေနိုင်။

အမေရိကန်နိုင်ငံ John Hopkins Weight Management Centre မှ ညွှန်ကြားရေးမှူးDr.Lawrence Cheskin ဦးဆောင်သောအဖွဲ့မှ ပဏာမလေ့လာစမ်းစစ်ချက်အရ မှိုကဲ့သို့ ကယ်လိုရီနည်းတဲ့ အစားအစာကို ပိုမိုစား သုံးခြင်းဖြင့် အလွန်ဝခြင်းကို ကာကွယ်ကုသစေနိုင်ကြောင်းကို စမ်းသပ်တွေ့ရှိရတယ်လို့ သိရပါတယ်။ ဒီသတင်းဟာ အမေရိကမှာ ရှိတဲ့ လူဦးရေ၏ သုံးပုံတစ်ပုံရှိ အသက် ၂၀ နှင့် အထက် အ၀လွန်သူများအတွက် သတင်းကောင်း ပဲဖြစ်ပါတယ်။အ၀လွန်ခြင်းကြောင့် နှလုံးသွေးကြောနှင့်ဆိုင်တဲ့ရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုးနဲ့ ဆီးချိုရောဂါ စသည့် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။
နေ့လည်စာကို မှိုစားဟင်းလျာနဲ့ အမဲသားဟင်းလျာ ၄ ရက်ခန့် တစ်လှည့်စီကျွေးပြီးတော့ လေ့လာကြည့်ရာ အသားစားချိန်တွင် ကယ်လိုရီပိုမိုရရှိတာတွေ့ရကြောင်း၊ ခံတွင်း တောင်းတာ ၊ ခံတွင်းလိုက်တာ၊ အစာပြေတာ ဗိုက်ပြည့်တာစသည့်အချက်များတွင် ကွာခြားပြောင်းလဲမှုမတွေ့ရကြောင်း တွေ့ရပါတယ်။ မှိုဟာ အသားဟင်းကဲ့သို့ အနံ့ အရသာပြည့် စုံ၍ ခံတွင်းတွေ့ပြီး ကလိုရီရရှိမှုတော့ နည်းပါတယ်။ အသားကင်နဲ့ လုပ်ထားတဲ့ ဟမ်ဘာကာ ၄ အောင်စစားသုံးသူတစ်ဦးက မှိုနဲ့ လုပ်ထားတဲ့ ဟမ်ဘာဂါ (၄) အောင်စကို တစ်ခြားအစားအစာဘာမှ မပြောင်းဘဲ တစ်နှစ်လောက်စားကြည့်ရင် သူတို့ဟာ ကလိုရီ (၁၈,၀၀၀)နဲ့ အဆီ ၃၀၀၀ ဂရမ် နီးပါးသက်သာ ကျဆင်းသွားနိုင်ကြောင်း တွေ့ရှိပါတယ်လို့ Dr. Cheskin ကပြောကြားခဲ့ပါတယ်။

Source: Paktribune.com
အေးအေးမြ