MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (27 - 08 - 08)

စီးပွားရေးပူးပေါင်းဆောင်ရွက်မယ့် အာဆီယံ(ASEAN)နဲ့ ပင်လယ်ကွေ့နိုင်ငံများ။

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံမှ Gulf Cooperation Council (GCC) နဲ့ အာဆီယံ နိုင်ငံများအကြားဒေသတွင်းကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအတွက် ပင်လယ်ကွေ့ နိုင်ငံများပူးပေါင်းဆောင်ရွက်မှုအဖွဲ့-အာဆီယံ စီးပွားရေးဗဟိုဌာန (GAEC) ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့၌ တည်ထောင်သွားမှာဖြစ်တယ်လို့ ပြည်တွင်း သတင်းဌာနက သြဂုတ်လ ၂၂ ရက်တွင် ဖော်ပြခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ပထမ ၆လတာကာလမှာ ဒေသတွင်း နိုင်ငံများက မလေးရှားနိုင်ငံမှာ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများမှ စုစုပေါင်းကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရရှိပြီး (GCC) နိုင်ငံများနဲ့ မလေးရှားနိုင်ငံတို့ရဲ့ စုစုပေါင်း ကုန်သွယ်မှုပမာဏဟာ စုစုပေါင်းကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ ရှိတယ်လို့ New Straits Times မှ ဖော်ပြခဲ့ ပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံများ အထူးအားဖြင့် (GCC) နိုင်ငံများမှာ အာဆီယံဒေသတွင်းနိုင်ငံများက ၎င်းင်းတို့ စီးပွားရေးလုပ်ဆောင်မှုများကိုချဲ့ထွင်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် မလေးရှားနဲ့ အာဆီယံ ဒေသတွင်း နိုင်ငံများမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအတွက် အသုံးဝင်တဲ့ စင်္ကြံန်တစ်ခုကို (GAEC) ကကူညီ ထူထောင်ပေး ပါတယ်။
ထို့အတူ အရှေ့အလယ်ပိုင်းမှ စီးပွားရေးလုပ်ငန်းရှင်များဟာ မလေးရှားနဲ့ အာဆီယံဈေးကွက်များကို ထိုးဖောက်ဖို့အတွက် အဲဒီ (GAEC) က အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Source: Xinhua
သိန်းဇော်လင်း