ကူဝိတ်က ကမ္ဘောဒီးယားကို ချေးငွေ ဒေါ်လာ ၅၄၆ သန်းပေးမယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ စိုက်ပျိုးရေးတိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ရေအားလျှပ်စစ်စက်ရုံနဲ့ လမ်းများတည်ဆောက် ဖို့အတွက် ကူဝိတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို စုစုပေါင်း ချေးငွေ ဒေါ်လာ ၅၄၆ သန်း ချေးပေးဖို့ သဘောတူ ခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အဲဒီကူဝိတ်ရဲ့ ချေးငွေဟာ ကမ္ဘောဒီးယားနိုင်ငံကို မနှစ်က တရုတ်ကချေးပေးတဲ့ ဒေါ်လာ ၆၀၁ သန်းပြီးရင် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး အကူအညီရရှိတဲ့ အစီ အစဉ်ဖြစ်တယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။
ယခုလအစောပိုင်းက ကူဝိတ်ဝန်ကြီးချုပ် Shaikh Nasser Al Mehammad Al Sabah နဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်များတွေ့ဆုံပြီးနောက် ကူဝိတ်နိုင်ငံအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှု ဖူလုံစေရေးအတွက် ကမ္ဘောဒီးယားက စပါးစိုက်ပျိုးနိုင်တဲ့ လယ်မြေတွေကို စာချုပ်ချုပ်ဆိုငှားရမ်းခဲ့တယ်လို့ ကူဝိတ်သတင်းစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။
ကူဝိတ်ရဲ့ချေးငွေဒေါ်လာ ၄၈၆ သန်းခန့်ကို Stueng Sen မြစ်ရဲ့ ဆည်မြောင်းစနစ်များနဲ့ ရေအားလျှပ်စစ် စီမံကိန်းတို့မှာ ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ်။
Source: Menefn
KKCM
|