ကောက်ပဲသီးနှံဈေးကျလာသော်လည်း မြင့်မားနေသော ရေနံစိမ်းဈေးနှုန်းကြောင့် စားသုံးသူများ အဆင်မပြေနိုင်သေး။
ကမ္ဘာ့စီးပွားရေးကျဆင်းလာမှုကို စိုးရိမ်ကြောင့်ကျမှုတွေကြောင့် သြဂုတ်လအလယ်ပိုင်းက ချီကာဂို ရောင်းဝယ်ရေးမှာ ကောက်ပဲသီးနှံဈေးနှုန်းတွေ ကျဆင်းလာခဲ့ပါတယ်။ ယခုကဲ့သို့ စားနပ်ရိက္ခာဈေးနှုန်းတွေကျ ဆင်းလာသော်လည်း စားသုံးသူတွေအနေနဲ့ ကုန်ကျစရိတ်သက်သာသွားနိုင်မှုမရှိခြင်းက ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း တွေ ယခင်နှစ်ကထက် ၂၉ ရာခိုင်နှုန်းကျော်မြင့်တက်လာခြင်းကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ သို့သော် စားနပ် ရိက္ခာမြင့်တက်မှုနှုန်းက ယခင်နှစ်ကထက် ၆ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်အလုပ်သမားဌာန ရဲ့ ဇူလိုင်လ စားသုံးသူဈေးနှုန်းညွှန်းကိန်း (Consumer Price Index) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Souce:grainnet.com,upi.com
ပပ |