ဂျပန်နိုင်ငံမှ ကုန်ပစ္စည်းများ အများဆုံးတင်သွင်းမည့်အမေရိကန်နိုင်ငံ၏နေရာတွင် တရုတ်နိုင်ငံအစားထိုး။
တရုတ်နိုင်ငံက ဇူလိုင်လမှစတင်ပြီး ဂျပန်နိုင်ငံမှ အများဆုံးကုန်ပစ္စည်းတင်သွင်းတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နေရာကိုရရှိသွားကြောင်း အစိုးရမှထုတ်ပြန်ထားတဲ့ စာရင်းအင်း အရ သိရှိရပါတယ်။ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ သင်္ဘောတင်ပို့မှုဟာ ဇူလိုင်လမှာ ၁၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဂျပန်ယန်း ၁ ဒသမ ၂၉ ထရီလီယံ (ကန်ဒေါ်လာ ၁၁ ဒသမ ၈ ဘီလျံ) သို့ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုမှ တင်သွင်းမှု မှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဂျပန်ယန်း ၁ ဒသမ ၂၈ ထရီလီယံသာရှိကြောင်း၊ ထိုသို့ကျဆင်းသွားမှု မှာ ၁၁ လဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်းနဲ့ ဥရောပနိုင်ငံများသို့လည်း သင်္ဘောတင်ပို့မှု ၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံမှ ပို့ကုန်ကိုခြုံငုံကြည့်ရာမှာ ဇူလိုင်လမှာ ၈ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ ၅ နှစ်ကျော်အတွင်းနှိုင်းယှဉ်ရာမှာ ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ သို့ရာ တွင် သွင်းကုန်မှာမူ ဇွန်လထက် ၁၆ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဂျပန်ယန်း ၇ ဒသမ ၅၄ ထရီလီယံသို့ မှတ်တမ်းတင်ရောက်ရှိခဲ့ပါတယ်။ ပို့ကုန်တိုးတက်မှုနှုန်းဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းလာမှုကြောင့် နှေးကွေးခဲ့ရကြောင်း သုတေသနအရ သိရှိရပါတယ်။
ဂျပန်နိုင်ငံရဲ့ ကုန်သွယ်မှုပိုငွေက မျှော်မှန်းထားတာထက် ၈၆ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း နဲ့ လောင်စာဆီနဲ့ ကုန်စည်များက ဈေးတက်ပြီးတင်သွင်းခဲ့ရတာကြောင့် ပို့ကုန်ကို ထိခိုက်ခဲ့ကြောင်း သတင်း ရရှိပါတယ်။ ဂျပန်နိုင်ငံက ယခင်နှစ်အလားတူကာလ ဇူလိုင်လမှာ ကုန်သွယ်မှုပိုငွေ ဂျပန်ယန်း ၆၈၁ ဒသမ ၉၆ ဘီလျံရရှိခဲ့ရာမှ ယခုနှစ် ဇူလိုင်လမှာ ကုန်သွယ်မှုပိုငွေ ဂျပန်ယန်း ၉၁ ဒသမ ၁၅ ဘီလျံသာရှိခဲ့ပါတယ်။
Source: marketwatch.com
အေးမွန်မွန်လှိုင်
|