MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (25 - 08 - 08)

ငြုပ်သီးတင်ပို့မှု တိုးမြှင့်ရန်အတွက် အင်န်ဒြာပရာဒေ့ရှ်တွင် ဟင်းခတ်အမွှေးအကြိုင်ဥယျာဉ် တစ်ခုတည်ထောင်သွားမည်။

ဟင်းခတ်အမွှေးအကြိုင်အသင်းက ငြုပ်သီးတင်ပို့မှု လွယ်ကူချောမွေ့စေရေးအတွက် ရူပီးသန်း ၂၅၀ အကုန်အကျခံ၍ ဟင်းခတ်အမွှေးအကြိုင်ဥယျာဉ်တစ်ခုကို Guntur ခရိုင်ရှိ အင်န်ဒြာပရာဒေ့ရှ်ပြည်နယ် တောင်ပိုင်းတွင် တည်ထောင်သွားမှာဖြစ်တယ်လို့ သြဂုတ်လ တတိယပတ် ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
ဟင်းခတ်အမွှေးအကြိုင်ဥယျာဉ် အကျယ်အ၀န်းဟာ ၁၂၅ ဟတ်တာ ရှိမှာဖြစ်ပြီး ပြည်ပသို့တင်ပို့မဲ့ ငြုပ်သီးများအား သိုလှောင်ခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုတ်ပိုးခြင်း စတဲ့ လုပ်ငန်းရပ်များဆောင်ရွက်နိုင်ရန် ပါထည့်သွင်းစီမံထားမှာဖြစ်တယ်လို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်န်ဒြာပရာဒေ့ရှ်ဟာ အိန္ဒိယနိုင်ငံမှာ ငြုပ်သီးအများဆုံးထွက်ရှိတဲ့ ပြည်နယ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ကတင်ပို့တဲ့ ငြုပ်သီးစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၂၃ ရာခိုင်နှုန်းကို အင်န်ဒြာပရာဒေ့ရှ်မှ ထွက်သော ငြုပ်သီးများက နေရာယူထားတာဖြစ်ပါတယ်။
ဟင်းခတ်အမွှေးအကြိုင်ဥယျာဉ်တည်ထောင်ရေးလုပ်ငန်းများကို သြဂုတ်လ ၂၁ ရက်နေ့မှာ စတင် လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဟင်းခတ်အမွှေး အကြိုင်အများဆုံးထုတ်လုပ်တဲ့ ပြည်ပတင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ အိန္ဒိယဟင်းခတ်အမွှေးအကြိုင်ပါဝင်မှုဟာ ၄၅ ရာခိုင်နှုန်း ဖြစ်ပြီး တန်ချိန်အားဖြင့် ၈သိန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂သန်းဖိုးဆောင်ရွက်နိုင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက ၂၀၀၈ ခုနှစ် မတ်လမှာ ဟင်းခတ်အမွှေးအကြိုင်တင်ပို့နိုင်မှုဟာ မကြုံစဖူးထူးခြားခဲ့ပြီး ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံရရှိခဲ့ပါတယ်။
ငြုပ်သီးအဓိက ထုတ်လုပ်တင်ပို့တဲ့ တရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့မှ ငြုပ်သီးထုတ်လုပ်နိုင်မှု လျော့နည်း နေချိန်မှာ အိန္ဒိယနိုင်ငံမှ ငြုပ်သီးတင်ပို့နိုင်မှုဟာ တန်ချိန် ၂ သိန်း ကျော်နဲ့ စံချိန်ချိုး နိုင်ခဲ့ပါတယ်။

Source: Commodity Online
KKCM