ဒေါ်လာဈေးခိုင်မာလာသဖြင့် ထိုင်းပြည်ပပို့ဆန်ဈေးကျဆင်းလာ။
ထိုင်းနိုင်ငံရဲ့ ပြည်ပတင်ပို့တဲ့ ဆန်ဈေးဟာ သြဂုတ်လ တတိယပတ်လောက်မှာ တန့်သွားပြီး မကြာမီ ရက်များအတွင်း ကျသွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒေါ်လာဈေးနဲ့ ယှဉ်လျှင် ထိုင်းဘတ်ဈေးမခိုင်မာတဲ့အတွက် ပဲဖြစ်ပါတယ်။
အဓိကအားဖြင့် အာဖရိကနိုင်ငံများမှ ထိုင်းနိုင်ငံရဲ့ ပြုတ်ဆန်လိုအပ်ချက်ဟာ အားကောင်းနေဆဲပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံက ဘာစမာတီမဟုတ်သော ဆန်ပြည်ပတင်ပို့မှုကို ကန့်သတ် လိုက်တာကြောင့် ထိုင်းနိုင်ငံရဲ့ ပြုတ်ဆန်ကိုသာ အားကိုးအားထားပြုနေရတဲ့အတွက် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ၁၀၀ ရာခိုင်နှုန်း A အဆင့် ဆန်ကို တစ်တန်လျှင် FOBြ ကန်ဒေါ်လာ ၇၂၀ နဲ့ရောင်းနေတဲ့အချိန်မှာ ပြုတ်ဆန် ၁တန်လျှင် FOB ကန်ဒေါ်လာ ၇၅၀ မှ ၇၇၀ နှုန်းရရှိနေပါတယ်။
Source: Commodity Online
KKCM
|