MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (25 - 08 - 08)

အိန္ဒိယအစိုးရက ဂျုံလွတ်လပ်စွာရောင်းခွင်ပြုဖို့ ဆုံးဖြတ်တော့မည်။

မကြာမီကျရောက်တော့မယ့် ဒေ၀ါလီပွဲတော်ရာသီအမီ အရန်သိုလှောင်ထားတဲ့ ဂျုံများအားလွတ်လပ် စွာ ရောင်းချရန် အစိုးရက ခွင့်ပြုတော့မယ့်သဘောရှိပါတယ်။ ဂျုံများ လွတ်လပ်စွာ ရောင်းဝယ်ခွင့်အဆိုပြုချက်အား စီးပွားရေးရာအစိုးရအဖွဲ့က ဆွေးနွေးသွားမှာဖြစ်ပြီး အကယ်၍ လက်ခံမယ်ဆိုလျှင် ရောင်းချမယ့်ပမာဏ ကို ပါ ဆုံးဖြတ်ပေး သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူများထံမှ သိရပါတယ်။အစားအစာဝန်ကြီးဌာနအနေနှင့် ယခင်လက ဂျုံလွတ်လပ်စွာရောင်းဝယ်ခွင့်အဆိုပြုချက်ကို ရောင်းချမယ့် ပမာဏ ဖော်ပြခြင်းမရှိဘဲ တင်ပြခဲ့တာ ဖြစ်ပါတယ်။
ဂျုံထွက်ရှိမှု စုစုပေါင်းတန်ချိန် ၇၈၄ သိန်းရှိပြီး အစိုးရထံမှာ အရန်ဂျုံတန်ချိန် ၂၂၅ တန်ရှိနေပါတယ်။ ဂျုံဈေးမြင့်တက်စေခြင်းမဖြစ်စေဖို့အတွက် ဒေ၀ါလီပွဲတော်မတိုင်မီ ၀န်ကြီးဌာနအနေနဲ့ ဂျုံတန်ချိန်သိန်း ၃၀ မှ ၄၀ ထိ ကို ရောင်းခွင့်ပြုသွားမှာဖြစ်ပါတယ်။ဝန်ကြီးဌာနအနေနဲ့ လွတ်လပ်စွာရောင်းဝယ်ခြင်းနဲ့ စပ်လျဉ်းပြီး နည်းလမ်း ၂ သွယ်နဲ့ ရောင်းချဖြန့်ဖြူးရန် အဆိုပြုထားပါသေးတယ်။နည်းလမ်းတစ်သွယ်ကတော့ လေလံစနစ် နဲ့ ရောင်းချမှာဖြစ်ပြီး နောက်တစ်နည်းကတော့ ယမန်နှစ်ကလိုပဲ ပုံသေဈေးနှုန်းနဲ့ စားသုံးသူသမ၀ါယမစတိုး ဆိုင်များမှတစ်ဆင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။

Source: Commodity Online
KKCM