MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (25 - 08 - 08)

အီသနောထုတ်လုပ်နိုင်မည့် သီဟိုဠ်သီး။

သီဟိုဠ်သီးကို စားသုံးသီးနှံအပြင် လက်ရှိကာလတွင် အီသနောထုတ်လုပ်မှုအတွက် အသုံးပြုနိုင်သော သီးနှံအဖြစ် နယူးဒေလီမြို့တော်ရှိ တောင်-တောင်ခြမ်း စက်မှုပူးပေါင်း ဆောင်ရွက်ရေး UNIDO ဌာန (UCSSIC ) က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စီးပွားရေးတွက်ချေကိုက်စွာဖြင့် စဉ်ဆက်မပြတ် စက်မှုလုပ်ငန်းများဖြစ်ရန်အတွက် သန့်ရှင်း စေကြယ်ပြီး ရှင်သန်ကြီးထွားနိုင်သောနည်းပညာ တစ်ရပ်ဖွံ့ဖြိုးလာရန် နိုင်ငံအတွင်းရှိ အဖွဲ့အစည်း၊ ဌာန များသို့ ယင်းဌာနမှ အပ်နှံလုပ်ဆောင်စေခဲ့ကြောင်း၊ ယင်းမှာ သီဟိုဠ်သီး ကို ပြန်လည်ပြည့်ဖြိုးမြဲ ကုန်ကြမ်းအဖြစ် အသုံးပြု၍ အီသနောထုတ်လုပ်ရန်ဖြစ်ပါတယ်။ အဆိုပါစီမံကိန်းကို ပြုစုရေးဆွဲပေးရန် သီဟိုဠ်သုတေသနဌာနနှင့် Thiruvananthapuram အနီး Vellayani ရှိ ကီရာလာစိုက်ပျိုးရေးတက္ကသိုလ် (KAU) ရှိသီးနှံစိုက်ပျိုးရေးပညာဌာန (DOA)တို့ကို တောင်းခံခဲ့ရာ၊ ယခုအခါအပြီးသတ် အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ သီဟိုဠ်ကျွမ်းကျင် ပညာရှင်KAU-DOA ဌာနပါမောက္ခ Dr. M. Abdul Salam ကပြောကြားခဲ့ပါတယ်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ သီဟိုဠ်သီးကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ အီသနောလောင်စာထုတ်လုပ်ခြင်းကို သန့်ရှင်းစင်ကြယ်၍ ရှင်သန်ကြီးထွားနိုင်သည့် စဉ်ဆက်မပြတ်သော စက်မှုလုပ်ငန်းအဖြစ် ဖွံ့ဖြိုးလာစေရန်ဖြစ်ကြောင်း Dr. Salam ကပြောကြားခဲ့ပါတယ်။ သီဟိုဠ်သီးမှာ သီဟိုထုတ်လုပ်နိုင်ငံ ၃၀ ခန့်တွင် ပေါများစွာရရှိနိုင်ပြီး လုံးလုံးလျားလျား အသုံးမ၀င်စွန့်ပစ် ပစ္စည်းအနေဖြင့်ရှိနေကြောင်း၊ UNIDO ဌာနအနေဖြင့် စီမံကိန်းဆောင်ရွက်ရန် ကနဦးရည်မှန်းထား သော နိုင်ငံများမှာ အိန္ဒိယ၊ ဘရာဇီးလ်နှင့် ကင်ညာနိုင်ငံတို့ဖြစ်ကြောင်း သိရှိရပါတယ်။ စီမံကိန်းရည်ရွယ်ချက်များမှာ သီဟိုဠ်သီးကိုကုန်ကြမ်းအဖြစ် အသုံးပြုရန် အီသနောလောင်စာထုတ်လုပ်မှုတွင် ကမ္ဘာ့အကောင်းဆုံး လက်တွေ့ကျကျ ဆောင်ရွက်ခြင်းဖြစ်ရန်အတွက်၊ နည်းပညာပုံစံထုတ်ခြင်း၊ စံပြုခြင်းတို့ကို တာဝန်ယူလက်ခံ ဆောင်ရွက်သွားရန် သုတေသနနှင့် ဖွံ့ဖြိုးမှုစွမ်းရည်ကို တိုးတက်လာစေရန်နှင့် လုပ်ဖော်ကိုင်ဖက်များ၏ အင်အား တိုးလာစေရန် ဦးဆောင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ကင်ညာ၊ ဘရာဇီးလ်နိုင်ငံတို့ရှိ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းဌာနများ အချင်းချင်း နည်းပညာပူးပေါင်းဆာင်ရွက်မှု ထူထောင်ရန်နှင့် သိပ္ပံပညာရှင်များ၊ အတတ် ပညာရှင်များ၊ အင်ဂျင်နီယာများနှင့် သူတေသနပညာရှင်တို့၏ ကျွမ်းကျင်မှု၊ စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာမှုတို့ကို ထူုထောင်ပေးရန်တို့ဖြစ်ကြောင်း သိရှိရပါတယ်။ KAU စွမ်းအင်သစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဝန်ကြီးဌာန၊ အမျိုးသားသီဟိုဠ်သုတေသနဌာန၊ Goa ရှိ သိပ္ပံနှင့်နည်းပညာဌာနနှင့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အရက်ချက်လုပ်သူများ အဖွဲ့စသော အဖွဲ့အစည်းများမှ နည်းပညာပူးပေါင်းဆာင်ရွက်ကြမည်ဖြစ်ကြောင်း Dr.Salamကပြောကြားခဲ့ပါ တယ်။ ထို့အပြင် ဘရာဇီးနိုင်ငံမှ အဖွဲ့အစည်း ၂ ခုနှင့် ကင်ညာနိုင်ငံမှာ ကင်ညာစက်မှုသုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းတို့သည်လည်း အတူတကွ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရပါတယ်။
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှာလည်း လျှင်မြန်စွာကုန်ခမ်းလျက်ရှိရာ လူဦးရေ စွမ်းအင် လိုအပ်ချက်ကို ပြည့်မီစေရန် ဇီဝအီသနောသုတေသီများသည် ကမ္ဘာတ၀ှမ်း စွမ်းအင်ရရှိနိုင်မည့် အရင်းအမြစ်များကို ရှာဖွေလျက်ရှိပါတယ်။ အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့သည် ဇီဝလောင်စာသုတေသနနှင့် စီးပွားဖြစ် ထုတ်လုပ်နိုင် ခြင်းတွင် ရှေ့တန်းနေရာ၌ ရောက်ရှိလျက်ရှိနေပါတယ်။ မကြာသေးသောနှစ်များက ဇီဝအီသနောမှ လောင်စာသုံး အင်ဂျင်များအတွက် သန့်ရှင်းစွာ အသုံးပြုနိုင်သဖြင့် အရေးပါသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အဖြစ် ထုတ်ဖော်ခဲ့ကြပါတယ်။ အီသနောမှာ ပြောင်း၊ နှံစားပြောင်း၊ ဂျုံ၊ အာလူး၊ ပီလောပီနံ၊ ဆန်။ သကြား၊ မုန်လာစသည်တို့၌ တွေ့ရှိရသော သကြားမှ ပြုပြင်ထုတ်လုပ်နိုင်သော အရက်ပျံလောင်စာဖြစ်ကြောင်း ပြောင်းဖူးစေ့၊ ဂျုံ၊ ကြံ၊ ပီလောပီနံ၊ အာလူးစသော စားသုံးသီးနှံများကို အသုံးပြု၍ အီသနောထုတ်လုပ်ခြင်းသည် မဝေးတော့သော ကာလတွင် ကမ္ဘာ့လူဦးရေ ဘီလျံများစွာ၏ အစားအစာလုံခြုံမှုကို ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ်ဖြစ် လာနိုင်ကြောင်း၊ လက်ရှိအခြေအနေအရ သီဟိုဠ်သီးများမှာ သီဟိုဠ်စိုက်ပျိုးခြင်းမှ ရနိုင်သောအရေးပါသည့် သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး အရေအတွက်များပြားစွာမှာ စွန့်ပစ်ပစ္စည်းဖြစ်နေ၍ ဇီဝအီသနောထုတ်လုပ်ရန် ဆွဲဆောင်မှု အလွန်ကောင်းသော ပစ္စည်းတစ်ခုဖြစ်လာကြောင်း Dr. Salamကပြောကြားခဲ့ပါတယ်။ သီဟိုဠ် လုပ်ငန်းတွင် သီဟိုဠ်စေ့များမှ သီဟိုဠ်အဆံကိုသာ ထုတ်လုပ်သုံးစွဲပြီး Goa ဒေသမှလွဲ၍ ကျန်ဒေသများတွင် သီဟိုဠ်သီး အရေအတွက်အများအပြားမှာ စွန့်ပစ်ပစ္စည်းအနေဖြင့် ကျန်ရှိနေကြောင်း၊ စိုက်ပျိုးသူများအတွက် အပိုဝင်ငွေရရှိနိုင်ခြင်းကြောင့် သီဟိုဠ်စိုက်ပျိုးရန်လှုံဆော်ပေးနေကာ၊ နိုင်ငံအတွင်းရှိ အကျိုးမရှိအချည်းနှီးဖြစ်နေသော မြေများနှင့် မြေရိုင်းများ ဟက်တာထောင်ပေါင်းများစွာတွင် သီဟိုဠ်စိုက်ပျိုးမှု လုပ်ဆောင်လာမည်ဖြစ်ကြောင်း Dr.Salam ကထောက်ပြပြောဆိုခဲ့ပါတယ်။ Goa နယ်တွင် အရက်ထုတ်လုပ်ရာ၌ သီဟိုဠ်သီးကိုအသုံးပြုကာ ယင်းအရက်တွင် အီသနော ၄၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်း ပါရှိကြောင်း၊ သီဟိုဠ်သီး ပမာဏအနည်းငယ်မှာ ဖျော်ရည်များ၊ ယို၊ သကြားလုံး၊ သနပ်စသည်တို့ထုတ်လုပ်ရာ၌လည်း အသုံးပြုကြကြောင်း၊ သို့ပါ၍ ဇီဝအီသနောကို သီဟိုဠ်သီးမှထုတ်လုပ်နိုင်ရန် အလားအလာကောင်းမွန်လျက်ရှိကြောင်း Dr. Salam ကဆက်လက်ပြောကြား သွားခဲ့ပါတယ်။

UHS-PTAC
Source: thehindubusinessline.com