အာရှ-ပစိဖိတ်ဒေသတွင်း ဇီဝပလပ်စတစ် ထုတ်လုပ်မှုအချက်အခြာနေရာဖြစ်လာတဲ့ထိုင်းနိုင်ငံ။
ထိုင်းနိုင်ငံရဲ့ သဘာဝအရင်းအမြစ်များပေါကြွယ်ဝမှုဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေတဲ့အတွက် ထိုင်းနိုင်ငံဟာ အာရှ-ပစ္စိဖိတ်ဒေသတွင်း ဇီဝပလပ်စတစ် ထုတ်လုပ်တဲ့ အချက်အခြာနေရာ တစ်ခု ဖြစ်လာတယ်လို့ ထိုင်းဇီဝပလပ်စတစ်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့ပါတယ်။
အာရှ-ပစ္စိဖိတ်ဒေသမှာ ထိုင်းနိုင်ငံရဲ့ ဇီဝပလပ်စတစ်လုပ်ငန်းဟာ လက်ရှိအခြေအနေမှာ ဂျပန်နဲ့ တရုတ်နိုင်ငံပြီးရင် တတိယနေရာမှာရှိတယ်လို့ ဇီဝပလပ်စတစ် လုပ်ငန်းရှင်များ အသင်းဥက္ကဌ Somsak Borrisuttanakul ကပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကုန်ကြမ်းပစ္စည်းဖြန့်ဖြူးရောင်းချစရာအမြောက်အများရှိပါတယ်။ အထူးသဖြင့် ပီလောပီနံဥ (Cassava) ပေါ့။ နှစ်စဉ်တန်ချိန် သန်း ၂၀ ထုတ်လုပ်နိုင်လို့ ထိုင်းနိုင်ငံ ဟာ ကမ္ဘာ့ထိပ်တန်း ပီလောပီနံဥ (Cassava) တင်ပို့တဲ့ နိုင်ငံဖြစ်တယ်လို့ Mr.Somsak ကပြောကြားခဲ့ပါတယ်။ ဒီ့အပြင်ထိုင်းနိုင်ငံဟာ Lactic အက်စစ် အများအပြား ထုတ်လုပ် နိုင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ Lactic အက်စစ်ကို ပီလောပီနံမှုန့်နဲ့ ကြံတို့ကထုတ်လုပ်ပြီး ဇီဝပလပ်စတစ်ထုတ်လုပ်ရာမှာ ထည့်သွင်းအသုံးပြုရပါတယ်။
ဧပြီလက ထိုင်းနိုင်ငံမှာ နယ်သာလန်အခြေစိုက် Purac လုပ်ငန်းတွေက ကမ္ဘာမှာ Lactic အက်စစ် အများဆုံးထုတ်လုပ်နိုင်ခဲ့ပါတယ်။ Purac စက်ရုံက ယခုလက်ရှိတစ်နှစ်မှာ Lactic အက်စစ်တန်ချိန် ၅၀၀၀၀ ထုတ်လုပ်နိုင်ပြီး နှစ်ဆတိုးမြှင့်ထုတ်လုပ်ဖို့ စီစဉ်လျက်ရှိတယ်လို့လည်း ၎င်းင်းကပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာဒေသတွင်း ဇီဝပလပ်စတစ် အချက်အခြာနေရာဖြစ်ရန်ရည်မှန်းထားပြီး ၅ နှစ်စီမံကိန်းတွင် ဘတ် ၁ ဒသမ ၈ ဘီလီယံဖြင့် ဦးဆောင်ဦးရွက်ပြုဆောင်ရွက် လျက်ရှိ ပါတယ်။ စားသုံးမှုအတွက် သာမကစက်မှု လုပ်ငန်းအသုံးပြုဖို့အတွက် ၀ယ်လိုအားပြည့်မီစေရန် ပီလောပီနံမှုန့်အထွက်နှုန်းကို တစ်ရိုင်လျှင် ၃ ကီလိုဂရမ်မှ ၁၀ ကီလိုဂရမ်ထိ တိုးတက်ရန် ရည်မှန်းထားပါတယ်။ တစ်ချိန်တည်းမှာပဲ ဇီဝပလပ်စတစ်များကို ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံဈေးကွက်များကိုစတင် တင်ပို့နေပြီဖြစ် ပါတယ်။ ဥရောပသမဂ္ဂက ၂၀၁၀ ခုနှစ်ကနေ ရှေ့ကို ဇီဝပလပ်စတစ်ကို ရာနှုန်းပြည့်အသုံးပြုဖို့ စီစဉ်ထားတဲ့အတွက် အီးယူက အထူးအလားအလာ ကောင်းတဲ့ ဈေးကွက်ဖြစ် တယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။
Source: Bangkokpost
KMMH
|