အရှိန်အဟုန်နှင့် ဈေးကျသွားသည့် မလေးရှားစားအုန်းဆီ။
မလေးရှားနိုင်ငံ Bursa Malaysia Derivatives BHD မှာ သြဂုတ်လ ၁၈ ရက်နေ့က ဖော်ပြထားတဲ့ ၂၀၀၈ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၀ ခုနှစ် မတ်လအထိ စားအုံးဆီကြမ်းရဲ့ ကြိုပွိုင့်ဈေးနှုန်း၊ အမြင့်ဆုံးနဲ့အနိမ့် ဆုံး ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် -

သို့ဖြစ်ရာ မလေးရှား စားအုန်းဆီကြမ်းဈေးနှုန်းမှာ သိသိသာသာကျဆင်းသွားခဲ့ရပါတယ်။ သြဂုတ်လ အတွက် အနိမ့်ဆုံးဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၇၅၁ ဖြစ်တယ် လို့သတင်းရရှိပါတယ်။ အိန္ဒိယနိုင်ငံ စားအုန်းဆီတင်သွင်းသူများက မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှ စားအုန်းဆီထုတ်လုပ်သူများအား စက်တင် ဘာလနဲ့ အောက်တိုဘာလ အတွက် စားအုန်းဆီကြမ်း တန်ချိန် ၁ သိန်းကို ရောင်းချပေးသွားဖို့ အဆိုပြုလိုက် ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပွဲတော်ရာသီစတင်တော့မှာဖြစ်ပြီး ပဲပုပ်စေ့ဝယ်လိုအားလည်းမြင့်တက်လာမှာဖြစ်ပါ တယ်။ ၂၀၀၇ ခုနှစ်မှာ ပဲပုပ်စေ့ တန်ချိန် ၉ ဒသမ ၃ သန်းကို ထုတ်လုပ်နိုင် ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ တန်ချိန် ၁၀ သန်းတိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အိန္ဒိယက ကမ္ဘာမှာ ဒုတိယအများဆုံး စားအုန်းဆီ တင်သွင်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၎င်းင်းက ပြည်တွင်း စားသုံးမှုအတွက် မလေးရှားနဲ့ အင်ဒိုနီးရှားမှ စားအုန်းဆီနဲ့ ဘရာဇီးနှင့် အာဂျင်တီးနားတို့မှ ပဲပုပ်ဆီကိုနှစ်စဉ် တန်ချိန် ၁၁ သန်းတင်သွင်းလျက်ရှိပါတယ်။
Source: mpoc.org.my
in.reueter.com
အေးမွန်မွန်လှိုင်
|