MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (22 - 08 - 08)

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် ဆန်တန်ချိန် သန်း ၄၀ ကို ထုတ်လုပ်ရန်ရည်မှန်း။

အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၀၉ ခုနှစ်မှာ ဆန်တန်ချိန် သန်း ၄၀ ကို ထုတ်လုပ်ရန်ရည်မှန်းထားပါတယ်။ ဆန်အရန်တန်ချိန် ၃ သန်းကိုလည်း သိုလှောင်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်မှာ ဆန်ဖူလုံမှု ရရှိရန်ရည်မှန်းထားတဲ့အပြင် လာမည့်နှစ်မှာလည်း ဆန်ထုတ်လုပ်မှုကို တိုးမြှင့်သွားဖို့ ရည်မှန်းထားကြောင်း အင်ဒိုနီးရှား လယ်ယာစိုက်ပျိုးရေးဝန်ကြီး Anton Apriyantono မှပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားသည် ယခုနှစ်တွင် ဆန်တန်ချိန် သန်း ၃၇ မှ ၃၈ အတွင်း ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်းသိရှိရပါတယ်။

Source:Oryza.com
အေးမွန်မွန်လှိုင်