ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသ၌ ယခုနှစ် ပထမ (၇) လအတွင်းကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံ။
ဗီယက်နမ်နိုင်ငံရဲ့ မဲခေါင်မြစ်ဝှမ်းဒေသများဟာ ယခုနှစ် ပထမ (၇) လအတွင်းမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း (၅၇) ခုရရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံနီးပါးရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၆ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်။
ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသတစ်လျောက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရရှိခဲ့မှုဟာ Kien Giang ပြည်နယ်မှာ စီမံကိန်း (၁) ခု၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလျံရှိပြီး ရှေ့ဆုံးကဦးဆောင် နေပါတယ်။ Long An ပြည်နယ်မှာ စီမံကိန်း (၄၄)ခု၊ စုစုပေါင်းအမေရိကန်ဒေါ်လာ ၈၀၀ သန်းနဲ့ Can Tho မြို့မှာစီမံကိန်း (၄)ခု၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၃၉ ဒသမ ၂ သန်းဖိုးဖြစ်ပါတယ်။
Long An ပြည်နယ်ရဲ့ စီမံကိန်းတွေအနက် ဇူလိုင်လတစ်လတည်းမှာပဲ စီမံကိန်း (၁၂) ခု၊တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၆ သန်းဖိုးဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ပထမ (၇) လအတွင်း တုန်းက နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလျံဖြစ်ပြီး ယခု ၂၀၀၈ ခုနှစ် ပထမ (၇)လအတွင်း စုစုပေါင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၂၈ ဘီလျံဖြစ် လို့ တန်ဖိုး ၂ ဆတိုးတက်ခဲ့ပါတယ်။ နှစ်စဉ်အားဖြင့် (၄) ဆတိုးတက်လျက်ရှိပါတယ်။
ဗီယက်နမ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်ရာမှာ ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ ကုန်ဈေး နှုန်းမတည်မငြိမ်ဖြစ်ခြင်းစတဲ့ ပတ်ဝန်းကျင်ဂယက်ရိုက်ခတ်မှုကြားက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ကြံ့ကြံ့ခံ ခဲ့ကြရတယ်လို့ ဗီယက်နမ်စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဌာနက ပြောကြားပါတယ်။
Source: TNS (15.8.08)
စန္ဒာပျို
|