ဗီယက်နမ်နိုင်ငံမှ ၂၀၀၉ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်း ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းထိရည်မှန်း။
လွန်ခဲ့သော (၁၄-၈-၂၀၀၈) ရက်နေ့က နိုင်ငံပိုင်သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံ အစိုးရဟာ ၂၀၀၉ ခုနှစ်မှာ စီးပွားရေး ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအတွင်း ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ငွေကြေးဖောင်း ပွမှုကိုတိုက်ဖျက်ဖို့ ရည်မှန်းထားကြောင်း သိရှိရပါတယ်။
Daily အစီရင်ခံစာအရ ၀န်ကြီးချုပ် Mguyen Tan Dung မှ အစိုးရအရာရှိများအား ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ငွေကြေးဖောင်းပွနှုန်းအား ဂဏန်းတစ်လုံးသာဖြစ်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းအား ရည်မှန်း ထားတဲ့အတိုင်း ရရှိစေဖို့ တိုက် တွန်းပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
ဗီယက်နမ်နိုင်ငံက ဇူလိုင်လမှာ မိုးထိမြင့်တက်နေတဲ့ အစားအသောက်နဲ့ လောင်စာဈေးနှုန်းတို့ကြောင့် ငွေကြေးဖောင်းပွနှုန်း (၂၇ ရာခိုင်နှုန်း) သို့ရောက်ရှိခဲ့ပြီး အာရှမှာ မြင့်တက်နေတဲ့ ဈေးနှုန်းများကြောင့် အကြပ်အတည်း အဖြစ်ဆုံးနိုင်ငံများထဲမှာ ပါဝင်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ နိုင်ငံပိုင်ကုမ္ပဏီများရဲ့ ဇူလိုင်လအတွင်း ရေနံဈေးနှုန်းမှာ ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယခုလအတွင်းမှာ မြင့်တက်လာတဲ့ လူနေမှုစရိတ်ကြောင့် ထောင်ပေါင်းများစွာသော အလုပ်သမားတို့ရဲ့ လုပ်ခတိုးမြှင့် ပေးဖို့တောင်းဆိုမှု တို့ကို လည်း ရင်ဆိုင်နေရပါတယ်။ အစိုး ရက ယခုအချိန်မှာ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ အဓိကကြိုးစားနေပြီး အတိုးနှုန်းတိုးမြင့်ဖို့နဲ့ ငွေချေးငှားမှု နှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားလျက်ရှိသလို ၂၀၀၈ ခုနှစ် စီးပွားရေးဖွံ့ဖြိုးနှုန်းရည်မှန်းချက်ကို ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ လျော့နည်းကျဆင်းရန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ ကြောင်းလည်း သိရှိ ရပါတယ်။
ဗီယက်နမ်နိုင်ငံက တစ်ချိန်ကအာရှရဲ့ နောင်ဖြစ်လာမဲ့ စီးပွားရေးကျားတစ်ကောင်အဖြစ် နာမည်ကျော် ကြားခဲ့သော်လည်း ငွေကြေးဖောင်းပွမှုတိုးမြင့်မှု၊ ဖောင်းပွလာသော ကုန် သွယ်မှုကွာဟချက်၊ ရှယ်ယာဈေးနှုန်း များကျဆင်းမှုနဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးကဏ္ဍစိုးရိမ်ကြောင့်ကြရမှုများကြောင့် အကြပ်ရိုက်လျက်ရှိကြောင်း လည်း သိရှိရပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်မှလည်း ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေးအကြပ်အတည်းကြောင့် စီးပွားရေးချွတ်ခြုံကျခဲ့တဲ့ ထိုင်းနိုင်ငံကဲ့သို့ အဖြစ်အပျက်မျိုး မကြုံတွေ့ရစေဖို့ တိကျတဲ့ နည်းလမ်းများနဲ့ ဆောင် ရွက်သွားရန် စိုးရိမ်ကြောင့်ကြလျက်ရှိကြောင်း သိရှိရပါတယ်။
Source:channelnewsasia.com(18-8-08)
မျိုးမျိုးထိုက်
|