MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (21 - 08 - 08)

ကွန်ပျူတာများတွင် အသုံးပြုနေသော မောက်စ်များခေတ်ကုန်တော့မည်။

နှစ် ၄၀ နီးပါးကြာ အသုံးပြုလျက်ရှိတဲ့ ကွန်ပျူတာမောက်စ်များ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း သုတေသနလေ့လာရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ပါ တယ်။ ကွန်ပျူတာမောက်စ်များဟာ နောင်လာ မဲ့ ၃ နှစ်မှ ၅ နှစ်အတွင်းသက်တမ်းကုန်ဆုံးတော့မယ်လို့ ဂါတနာလေ့လာရေးအဖွဲ့က ဆန်းစစ်လေ့လာခန့်မှန်းကြ ပါတယ်။ ကွန်ပျူတာမောက်စ်နေရာတွင် အစားဝင်ရောက်လာမဲ့စနစ်မှာ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ ဖန်သား ပြင်ကိုထိလိုက်တာနဲ့ မှတ်မိသည့်စနစ်၊ မျက်နှာမြင်တာနဲ့ ဖန်သားပြင်က မှတ်မိနိုင်တဲ့ အမျိုးအစား ထိုးဖောက် ၀င်ရောက်လာနိုင်မယ်လို့ ဆိုပါတယ်။
ကွန်ပျူတာမောက်စ်များသည် ဒက်စတော့နဲ့ အလုပ်လုပ်တဲ့အခါ လွယ်ကူကောင်းမွန်ပေမဲ့ အိမ်တွင်း ဖျော်ဖြေရေးနဲ့ မှတ်စုကွန်ပျူတာများနဲ့တွဲပြီး အသုံးပြုရာတွင် အဆင်မပြေ ကြောင်းတွေ့ရတယ်လို့ စိစစ်လေ့လာသူ စတီဗီပရန်တစ်က ပြောကြားခဲ့ပါတယ်။

Source:internet
တင်ချိုဦး