ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် ရောင်းလိုအားကောင်းမွန်မှုကြောင့် ကျဆင်းသွားခြင်း။
မဲခေါင်မြစ်ဝှမ်းဒေသမှ ဆန်များကို ဒုတိယအကြိမ်ရိတ်သိမ်းပြီး ရောင်းလိုအားကောင်းမွန်နေတာကြောင့် ဗီယက်နမ်ရဲ့ ဆန်ပို့ကုန်ဈေးနှုန်းဟာ ၈၃ ရာခိုင်နှုန်း ကျဆင်းသွားပါ တယ်။ လယ်သမားများအား ဈေးနှုန်းအလွန် အမင်းကျဆင်းခြင်းမှ ကာကွယ်ပေးနိုင်ဖို့ ဗီယက်နမ်အစိုးရနဲ့ ပုဂ္ဂလိကဘဏ်များက ကုမ္ပဏီများအား ချေးငွေများ ထုတ်ချေး ပေးသွားရန် ကမ်းလှမ်းလျက်ရှိပါတယ်။ အဲဒီချေးငွေဖြင့် ဆန်များကို တင်ပို့နိုင်ဖို့အတွက် ၀ယ်ယူစုဆောင်း နိုင်ပါတယ်။
၅ ရာခိုင်နှုန်းဆန်ကွဲပါတဲ့ဆန်ဖြူဟာ ပြီးခဲ့တဲ့အပတ်က တစ်တန်လျှင် ကန်ဒေါ်လာ ၆၀၀ (သင်္ဘောတင် ဈေး) ရှိနေရာမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၅၅၀ သို့ဈေးကျ သွားကြောင်း ကုမ္ပဏီများမှ ပြောကြားပါတယ်။
Source:Oryza.com(13-8-08)
ဝင်းဝင်းချို
|