မိုးကြောင့် ဗီယက်နမ်လယ်မြေများပျက်စီး။
နှစ်ပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် စပါးစိုက် လယ်မြေပေါင်း ဟက်တာ ၁၅၀၀၀ မှာ ပျက်စီးသွားခဲ့ကြောင်း Vietnamese press report က ပြောကြားခဲ့ပါတယ်။ ၁၇.၈.၀၈ နေ့မှာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ဗီယက်နမ်မြောက်ပိုင်းပြည်နယ်တွေက လယ်သမားတွေကို သြဂုတ်လ ၂၅ ရက်နေ့မတိုင်မီ ရေကြီးရာကပြန်ကျသွားခဲ့ရင် ဆောင်းသီးနှံကို ကယ်တင်နိုင်ရန် ပျိုးပင်တွေကို ပြောင်းလဲစိုက်ပျိုးဖို့ အရေးပေါ်သတင်းတစ်ရပ် ပေးပို့ခဲ့ကြောင်း၊ Vietnamnet.vn website မှာ ဖော်ပြထားပါတယ်။
အကယ်၍ အဲဒီနေ့ကျော်တဲ့အထိ လယ်ကွင်းတွေမှာ ရေကြီးနေတုန်းပဲဆိုရင် လယ်သမားတွေဟာ အောက်တိုဘာဆောင်းသီးနှံကို စောင့်ဖို့ပဲရှိပါတော့တယ်။ ဗီယက်နမ်အစိုးရ ကလဲ စားနပ်ရိက္ခာ အကူအညီ ပေးမယ့်အကြောင်း ကတိပြုခဲ့ပါတယ်။
မြောက်ပိုင်းတောင်ကြောတ၀ိုက် ဒေသတွေမှာရှိတဲ့လူတွေကတော့ စပါးနည်းနည်းပဲစိုက်ပျိုးကြပါတယ်။ ဒါကြောင့် ရေကြီးမှုဟာ သူတို့ရဲ့ လူနေမှုဘ၀ကို ဆိုးဆိုးဝါးဝါး ထိခိုက် စေနိုင်ပါတယ်လို့ ဟိုချီမင်းမြို့တော်ရှိ Fulbright Economic Training Program က ဆန်စပါးအထူးပြု ဘောဂဗေဒပညာရှင် Tran Tien Khai က ပြောကြားခဲ့ကြောင်း သိရပါ တယ်။
ကြယ်ပြာပန်း
Source: commodityonline.com
|