MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (20 - 08 - 08)

အင်ဒိုနီးရှားနိုင်ငံတွင် ကျောင်းသုံးစာအုပ်များအား On Line မှ အခမဲ့ကြည့်ရှုနိုင်တော့မည်။

ယခုနှစ်သြဂုတ်လမှစပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းသုံးစာအုပ်များ အွန်လိုင်းမှအခမဲ့ကြည့်ရှုနိုင်မယ် လို့သိရပါတယ်။ အင်ဒိုနီးရှားအစိုးရက အခြေခံပညာ၊ အဆင့်မြင့်ပညာ အဆင့်အထိ ကျောင်းသုံးစာအုပ်များရဲ့ မူပိုင်ခွင့်ကိုဝယ်ယူပြီး အွန်လိုင်းမှအလွယ်တကူ ဖတ်ရှုနိုင်အောင်စီစဉ်နေခြင်းဖြစ်ပါတယ်။
ကျောင်းသုံးစာအုပ်များဈေးကြီးခြင်းနဲ့ စာအုပ်ထုတ်ဝေရေးကုမ္ပဏီများက ကျောင်းသုံးစာအုပ်ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားခြင်းကိုလည်း တိုက်ဖျက်ဖို့ ရည်ရွယ်ထားပါ တယ်။ အင်ဒိုနီးရှားနိုင်ငံ ကျောင်းသုံးစာအုပ် များကိုနှစ်စဉ် အသစ်ပြဌာန်းလေ့ရှိရာ ကလေးများတဲ့မိဘများအဖို့ တစ်နှစ်တစ်ကြိမ် ၀ယ်ယူပေးဖို့ အခက်အခဲ များစွာရှိပါတယ်။ ယခုနှစ်တွင် အင်ဒိုနီးရှားအစိုးရဟာ ဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးရေးအတွက်လည်း အင်ဒိုနီးရှားရူပီး ဘီလျံ ၇၀၀ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အွန်လိုင်းမှ အခမဲ့ဖတ်ရှုနိုင်ရန်နဲ့ ပြန်လည် ပုံနှိပ်အသုံးပြုနိုင်ရန်အတွက်လည်း လိုအပ်သည့်ပစ္စည်းများကို ဖြန့်ဝေပေးသွားနိုင်ရန်အတွက် စီစဉ်ထားပါတယ်။

Source: Jakarta Post
ဇာနည်မြင့်ဆွေ