၂၀၀၈ ခုနှစ်၊ ထိုင်းဆန်တင်ပို့မှု တန်ချိန် ၁၀ သန်းကျော်မည်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် ဆန်လိုအပ်ချက်များ မြင့်မားလာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့ မှုမှာ ၂၀၀၇ ခုနှစ်က တန်ချိန် ၉ ဒသမ ၅ သန်းတင်ပို့ခဲ့ရာမှ အခု မှာတော့ ဆန်တန်ချိန်ပေါင်း ၁၀ သန်းကျော် တင်ပို့နိုင်မှာဖြစ်ကြောင်း ပို့ကုန်တင်ပို့သူများက ပြောကြားပါတယ်။ ထိုင်းဆန်တင်ပို့သူများအဖွဲ့အစည်းရဲ့ ဥက္တဌ ဖြစ်သူ Chookiat Ophaswongse က ''အခုနှစ်မှာဆန်တန်ချိန် ၁၀ သန်းကျော်တင်ပို့နိုင်မယ်'' လို့ပြောကြားပါ တယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့တဲ့နိုင်ငံဖြစ်လို့ ၂၀၀၇ ခုနှစ်က ဆန်တန်ချိန် ၉ ဒသမ ၅ သန်း သင်္ဘောတင်ပို့နိုင်ခဲ့ပါတယ်။ အခုနှစ်မှာလည်း အလားတူဘဲ တင်ပို့နိုင် မည်ဟုခန့်မှန်းကြောင်း ၊ ၂၀၀၄ ခုနှစ်က ဆန်တန်ချိန် သန်းပေါင်း ၁၀ ဒသမ ၁၃ တင်ပို့နိုင်ခဲ့ကြောင်း ထိုင်းဆန်တင်ပို့သူများအဖွဲ့အစည်းက ပြောကြား ခဲ့ကြောင်း သိရပါတယ်။
Source: MNA/Xinhua
နုနုခိုင်
|