အိန္ဒိယPECမှ စက်တင်ဘာလအတွင်း ပဲမျိုးစုံတင်သွင်းမည်။
ပြည်တွင်းရောင်းချမှု တိုးမြှင့်ဖို့ နိုင်ငံပိုင် ကုန်သွယ်ရေးကုမဏီ PEC မှ ပဲမျိုးစုံ တန်ချိန် ၂၈၀၀၀ ကို လာမဲ့လအတွင်း တင်သွင်းရန် တင်ဒါများခေါ်ယူခဲ့ပါတယ်။လေလံပိတ်ရက် မှာ သြဂုတ်လ ၂၀ ရက်နေ့ဖြစ်ပြီး တင်ဒါဆုံးဖြတ်ရက်မှာ သြဂုတ်လ ၂၇ ရက်နေ့ ဖြစ်ကြောင်း ၄င်းရဲ့ ၀က်ဘ်ဆိုဒ်မှာဖေါ်ပြခဲ့ပါတယ်။
တင်သွင်းမဲ့ ပဲအမျိုးအစားနဲ့ တန်ချိန်များကတော့ ပဲစင်းငုံတန်ချိန် ၉၀၀၀၊ မတ်ပဲတန်ချိန် ၇၀၀၀၊ ပဲနီကလေးတန်ချိန် ၄၀၀၀၊ ပဲစင်းငုံလီမွန် တန်ချိန် ၃၀၀၀၊ ပဲတီစိမ်းတန်ချိန်
၂၀၀၀၊ ကုလားပဲဖြူလုံးကြီး တန်ချိန် ၂၀၀၀ နဲ့ စားတော်ပဲ (dun peas) တန်ချိန် ၁၀၀၀ ဖြစ်ပြီး တင်သွင်းရမဲ့ ပင်ရင်းနိုင်ငံများမှာ မြန်မာ၊ တန်ဇန်နီးယား၊ သြစတြေးလျ၊ ကနေဒါနဲ့
အရှေ့အာဖရိကတို့ဖြစ်ပါတယ်။
တင်ပို့ရမဲ့ဆိပ်ကမ်းများမှာ မွန်ဘိုင်း၊ချန်နိုင်း၊ ကာလကတားနဲ့ တူတီကိုရင် တို့ဖြစ်ပြီး လာမဲ့စက်တင်ဘာ မှာအရောက်ပို့ရမှာဖြစ်ပါတယ်။ အနည်းဆုံးလေလံပမာဏကို တန်ချိန် ၅၀၀-၁၀၀၀ အဖြစ် ကုမဏီမှ သတ်မှတ်ထားပါတယ်။
နိုင်ငံရဲ့ လိုအပ်တဲ့ ပဲတန်ချိန်မှာ ၁၇-၁၈ သန်း ဖြစ်သော်လည်း ၂၀၀၇-၀၈ ခုနှစ် ပဲထွက်ရှိမှုမှာ ၁၅ ဒသမ ၁၁ သန်းသာရှိတယ်လို့ ခန့်မှန်းကြပါတယ်။ နိုင်ငံလိုအပ်ချက်ပြည့်မီဖို့ အတွက် ယခုနှစ်အတွင်း ပုဂလိကပိုင် MMTC, PEC, STC နဲ့ NAFEDတို့မှပဲမျိုးစုံတန်ချိန်၁၅သိန်းဝယ်ယူဖို့အစိုးရမှစီစဉ်လျက်ရှိပါတယ်။
CTM
Source: thehindu.com
|