ဘင်္ဂ်လားဒေ့ရှ်နိုင်ငံမှာ ကုန်စည် ၈ မျိုးဈေးသွန်ချစုပုံဝင်ရောက်မှု(dumping) ကို WTO သို့တိုင်ကြားရန်စီစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထွက်ကုန်စည် ၈ မျိုးဟာ ပြိုင်ဘက်နိုင်ငံများက ဈေးသွန်ချစုပုံဝင်ရောက် တင်သွင်းလာတာကို ရင်ဆိုင်နေရပြီး ကမ္ဘာကုန်သွယ်ရေးအဖွဲ့ (WTO) သို့ တိုင်ကြားစာရေးတင်ရန် ဘင်္ဂလားဒေ့ရှ်အခွန်ကော်မရှင် (BTC)က အလေးထားဆောင်ရွက်လျက်ရှိပါတယ်။အဲဒီစုပုံတင်သွင်းလာတဲ့ ကုန်စည်များမှာ သကြား၊ ချည်ခင်၊ ချည်ထည်၊ polyester ချည်၊ ပိုက်၊ အပူပေးလျှင် အလင်းဖြာသောမီးချောင်း၊ မော်တော်ဆိုင်ကယ်နဲ့ မီးချောင်းတို့ ဖြစ်ပါတယ်။ BTC ဟာ အစိုးရရဲ့ အခွင့်အာဏာရ အဖွဲ့ အစည်းဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီများက မမှန်မကန်ဈေး ကွက်ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းလုပ်ငန်းများရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အလေးထား ဆောင်ရွက် နေပါတယ်။
BTC အဖွဲ့က စက်မှုလုပ်ငန်းတွင် ပိုမိုကြီးမားတဲ့ ယှဉ်ပြိုင်မှုကို ဆွဲဆောင်ရာမှာ အရင်းအမြစ်များလုံလုံ လောက်လောက် အသုံးပြုရေုးတိုက်တွန်းရန် အစိုးရကို အကြံပြုပါတယ်။ အဲဒီကော်မရှင်က နှစ်နိုင်ငံချင်းဒေသတွင်းနဲ့ နိုင်ငံစုံ ကုန်သွယ်ရေး သဘောတူညီချက်များကနေ ဈေးကွက်ပိုမိုရရှိစေဖို့နဲ့ ဈေးသွန်ချစုပုံတင်သွင်းလာမှုနဲ့ အခြားသော မမျှမတ ကုန်သွယ်မှုများကို အရေးယူမှုများကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ယခင်က ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယမှ တန်ပြန်စုပုံဝင်ရောက်ခွန် (anti-dumping duty)ကောက်ခံခဲ့သော် လည်း ဘင်္ဂလားဒေ့ရှ်လုပ်ငန်းများကမူ WTO သို့ anti-dumping သဘောတူစာချုပ်အရ တိုင်ကြားမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။ BTC အဖွဲ့က အဆိုပါကုန်စည် ၈ မျိုးအတွက် စီးပွားရေးလုပ်ငန်းရှင်တွေဆီက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားမှု နှစ်ဒါဇင်ကျော်လက်ခံရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေက နိုင်ငံခြားကနေ ဈေးနည်းနည်းဖြင့်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတယ်လို့ ပြောဆိုကြတယ်လို့ BTC ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
BTC က ပြန်လည်ဖွဲ့စည်းထားတဲ့ အစိုးရကော်မတီနဲ့ တိုင်ပင်ပြီး ပြည်တွင်းအခွန်ဘုတ်အဖွဲ့ရဲ့ စာရင်းဇယားများအရ အဲဒီကုန်စည်များရဲ့ ပြည်တွင်းနှစ်စဉ်ထုတ်လုပ်မှုနဲ့ ၀ယ်လို အား စာရင်းအချက်အလက်များကို ကောက်ယူ တွက်ချက်လျက်ရှိပါတယ်။ပြည်တွင်းလုပ်ငန်းရှင်တွေဆီမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ အငြင်းပွားမှုများ ဖြေရှင်းရေး ဘုတ်အဖွဲ့သို့ တရားဝင်တိုင်ကြားရန် စာရင်းအချက်အလက်များမရှိဟုလည်း BTC ကပြောကြားခဲ့ပါတယ်။အစိုးရက တန်ပြန်စုပုံဝင်ရောက်ခွန်စည်းကြပ်ဆောင်ရွက်နိုင်ဖို့အတွက် ကော်မတီ အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ကုန်ပစ္စည်း ထုတ်လုပ်သူတွေကလည်း ပြိုင်ဘက်နိုင်ငံများဖြစ်တဲ့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကနေ ကုန်ပစ္စည်းများ ဈေးနိမ့်ဝင်ရောက် လာတာကို စိုးရိမ်နေကြပါတယ်။
WTO စည်းမျဉ်းများအရ ကုမ္ပဏီတစ်ခုက ၎င်းင်းပြည်တွင်းဈေးကွက်မှာ ပုံမှန်ကျသင့်တဲ့ ဈေးနှုန်းထက်နိမ့် တဲ့ဈေးနဲ့ ရောင်းချပြီး တင်ပို့တဲ့ ဘယ်ကုန်စည်ကိုမဆို ဈေးသွန် စုပုံရောင်းချတယ် (dumping)လို့ ဆိုပါတယ်။။
Source: thedailystar
KMMH
|