MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (15 - 08 - 08)

ကိုက်ညီတဲ့ရာသီကြောင့် အထွက်နှုန်းကောင်းမယ့်ပဲပုတ်စေ့။

ပဲပုပ်စိုက်ပျိုးမှု ဧရိယာကြီးများကျယ်ပြန့်လာပြီး ကိုက်ညီတဲ့ရာသီဥတု ရရှိတာကြာင့် ပဲပုတ် အထွက်နှုန်းဟာ အလားအလာကောင်းမွန်နိုင်တယ်လို့ NCDEX Sep Soybean အသင်းက သြဂုတ်လ (၉)ရက် နေ့က ပြောကြားခဲ့ပါတယ်။
တရုတ်အမျိုးသားကောက်ပဲသီးနှံနှင့် စားသုံးဆီသတင်းဖြန့်ချီရေးဗဟိုဌာနရဲ့ လစဉ်ထုတ်ပြန်သော မှတ်တမ်းအရ ပဲပုပ်ထွက်ရှိမှုဟာ တန်ချိန် ၁၇ ဒသမ ၅ သန်းအထိ ထွက်ရှိ မည်ဟု သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပုဂ္ဂလိကစိစစ်ရေးကုမ္ပဏီရဲ့ ခန့်မှန်းချက်အရ အမေရိကပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုဟာ တစ်ဧကမှာ ၄၂ ဘူရှယ် ထွက်ရှိမှာဖြစ်ပြီး USDA'S ရဲ့ ၄၁ ဒသမ ၆ ဘူရှယ် ထွက်ရှိမယ်လို့ ခန့်မှန်းချက်ထက် ပိုမိုနေပါတယ်။
CBOT ပဲပုတ်လေ့လာရေးအဖွဲ့က အမေရိကန်တွင် နောက်နှစ်ပတ်အတွင်း သီးနှံထွက်ရှိမှု ကျဆင်းနေပြီး နောက်ဆုံး အသုံးပြုသူတွေရဲ့ ၀ယ်လိုအားလည်း မရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ပဲပုတ်ဈေးနှုန်းဟာ ရာသီဥတုကောင်းမွန်မှု၊ သီးနှံစိုက်ပျိုးမြေဧရိယာကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်နိုင်မှု အပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲ ကျဆင်းမှု ရှိနိုင်တယ်လို့ မျှော်လင့်နိုင်ပါတယ်။စိုက်ပျိုးထုတ်လုပ် ထွက်ရှိမှုမြင့်မား လာပါက ဈေးကွက်ထဲတွင် ကျဈေးနဲ့ ပြန်ဝယ်မယ့် စတော့ရှယ်ယာများရောင်း သူတွေကိုလည်း အထောက်အကူဖြစ် စေပါတယ်။

Source: Commodities Online
အေးအေးမြ