MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (15 - 08 - 08)

အီရန်နိုင်ငံတောင်ပိုင်းတွင် ရေနံသိုက်အသစ်တွေ့ရှိ။

အီရန်နိုင်ငံတောင်ပိုင်းမှာ ရေနံစည်ပေါင်း ၅၂၅ သန်း ထုတ်ယူနိုင်ဖွယ်ရှိတဲ့ ရေနံသိုက်အသစ်တစ်ခုကို တွေ့ရှိကြောင်း အီရန်ရေနံဝန်ကြီး ဂိုလန်-ဟို့စိန်နိုဇာရီရဲ့ ပြောကြားချက်ကို '' ပရက်တီဗွီ'' ရုပ်မြင်သံကြားက ကိုးကားပြီး ကြေငြာခဲ့ပါတယ်။ အဆိုပါ ရေနံသိုက်ဟာ ဘာရှီယာပြည်နယ် ဆိပ်ကမ်းမြို့ အက်စ်ဆူလူယပ်အနီး တွင်တည်ရှိတယ်လို့ နိုဇာရီက ပြောကြားပါတယ်။ သို့သော် ရေနံဝန်ကြီးက အဆိုပါအသစ်တွေ့ရှိတဲ့ ရေနံသိုက် မှထုတ်ယူနိုင်တဲ့ ရေနံစိမ်းခန့်မှန်းခြေပမာဏကိုမူ ထုတ်ဖော်ပြောဆိုခြင်းမပြု သိရပါတယ်။

Source: MNA/Xinhua
တင်ချိုဦး