MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (14 - 08 - 08)

အိန္ဒိယရဲ့ပဲရာဇာနှင့် ပြောင်းထွက်နှုန်းကျဆင်းမည် ဆန်ထွက်နှုန်းတိုးမည်။

အိန္ဒိယမှာ ၂၀၀၇ ဇူလိုင်လမှစတင်ခဲ့သည့် ၂၀၀၇-၂၀၀၈ သီးနှံကာလအတွင်း မိုးနည်းခဲ့တာ ကြောင့်ပြောင်းနှင့် ပဲရာဇာထွက်နှုန်းကျဆင်းမယ်လို့ သြဂုတ်လ (၁၁)ရက်နေ့ သတင်းစာတစ်စောင်တွင် အစီရင်ခံ ဖော်ပြထားပါတယ်။ ယခင်နှစ်က ၎င်းင်းသီနှံများ မှတ်တမ်းတင်ဖွယ် ပမာဏအနေဖြင့် ထွက်ရှိခဲ့ကြောင်းသိရပါတယ်။ယခုနှစ်တွင် နွေပဲရာဇာထွက်နှုန်း ကျဆင်းနိုင်၍ တန်ချိန် ၅ သိန်းမှ ၆ သိန်းအတွင်းသာ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ယခင်နှစ်က တန်ချိန် ၆ ဒသမ ၄၅ သန်းထွက်ရှိခဲ့ကြောင်း ၊ ဆန်စိုက်ပျိုးမှုကို ဧကတိုးချဲ့စိုက်ပျိုးခဲ့၍ ယခင်နှစ်စံချိန်တင် တန်ချိန် ၉၆ ဒသမ ၄၃ သန်းထက် ပိုမိုထွက်ရှိမယ်လို့ လယ်ယာစိုက်ပျိုးရေးကော်မရှင်နာ N-B Singh ကပြောကြားပါတယ်။ အိန္ဒိယလယ်သမားများဟာ ဇွန် ၊ ဇူလိုင်လအတွင်း ဆန် ၊ ပြောင်း ၊ ၀ါဂွမ်း၊ ဆီထွက်သီးနှံ ၊ ပဲရာဇာနဲ့ ကြံတို့ကိုစိုက်ပျိုးထားပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရိတ်သိမ်းမည်ဖြစ် ကြောင်း သိရပါတယ်။

Source: economictimes, indiatimes.com
ပပ