MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (13 - 08 - 08)

ပဲမျိုးစုံတန်ချိန် ၆၃၀၀၀ တင်သွင်းရန် အိန္ဒိယ MMTCတင်ဒါခေါ်။

နိုင်ငံတော်ပိုင် အေဂျင်စီတစ်ခုဖြစ်တဲ့ MMTC ဟာ ပဲမျိုးစုံတန်ချိန် ၆၃၀၀၀ ကို တင်သွင်းရန် တင်ဒါခေါ်ယူခဲ့ကြောင်း၊ ပဲတွေ ဒီနှစ်သြဂုတ်လနဲ့ ဒီဇင်ဘာလကြားမှာ ရောက်ဖို့ မျှော်မှန်းထားကြောင်းနဲ့ တင်ဒါနောက်ဆုံးပိတ်ရက်က သြဂုတ်လ ၁၄ ရက်ဖြစ်ကြောင်း MMTC ရဲ့ ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ MMTC ဟာကနေဒါ (သို့) အမေရိ ကန်ပြည်ထောင်စုနိုင်ငံထွက် ပဲဝါလေးတန်ချိန် ၃၅၀၀၀၊ ပြင်သစ် (သို့) ယူကရိန်းနိုင်ငံထွက် ပဲဝါလေးတန်ချိန် ၂၀၀၀၀ ကိုတင်သွင်းဖို့ စီမံထားတယ်လို့ သိရပါတယ်။ ကုမ္ပဏီ အနေနဲ့ ဒေစီကုလားပဲလုံးနဲ့ စားတော်ပဲတန်ချိန် ၂၀၀၀ စီနဲ့ ပဲစင်းငုံတန် ၄၀၀၀ တင်သွင်းဖို့လဲ စီမံထားတယ်လို့ဆိုပါတယ်။

နှင်းဒေ၀ီ
Source: commodityonline.com(8.8.08)