MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (13 - 08 - 08)

ထိုင်းနဲ့ ဂျပန်ရဲ့ တိုးတက်ဝယ်လိုအားကြောင့် အိန္ဒိယဆီကြိတ်ဖတ် တိရစ္ဆာန်အစာတင်ပို့မှုမြင့်တက်။

ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ရဲ့ အိန္ဒိယဆီကြိတ်ဖတ်တိရိစ္ဆာန်အစာများဝယ်လိုအား တိုးတက်မှုကြောင့် အိန္ဒိယနိုင်ငံရဲ့ ဆီကြိတ်ဖတ် တိရစ္ဆာန်အစာတင်ပို့မှုကို ၈၀ ရာခိုင်နှုန်း တိုးတက်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဆီကြိတ်ဖတ် တိရစ္ဆာန်အစာတင်ပို့မှုတန်ချိန် ၂ ဒသမ ၈၄ သိန်းဟာ တစ်နှစ်ပြီးတစ်နှစတင်ပို့မှုမှာ ၈၁ ရာခိုင်နှုန်းတိုးတက်စေခဲ့ တယ်လို့ Mumbai အခြေစိုက် Solvent Extractors Association (SEA) က သိရပါတယ်။ဒီနှစ်ပထမသုံးလပတ်ကာ လ (ဧပြီ-ဇွန်)အတွင်း ပို့ကုန်တင်ပို့မှုစုစုပေါင်း တန်ချိန် ၁၁ ဒသမ ၀၇ သိန်းတင်ပို့နိုင်ခဲ့တာကြောင့် မနှစ်က ကာလတူတင်ပို့မှုတန်ချိန် ၄ ဒမသ ၂၄ သိန်းရဲ့ နှစ်ဆကျော်မြင့်တက်ခဲ့ပါတယ်။ ပို့ကုန်တင်ပို့မှုများတွင် ပဲပုတ်စေ့ ကြိတ်ဖတ်တိရစ္ဆာန် အစာတန်ချိန် ၂ ဒသမ ၄၁ သိန်း၊ မုန်ညှင်းစေ့ကြိတ်ဖတ် တိရစ္ဆာန်အစာ ၁၉၂၄၅ တန်နဲ့ ကြက်ဆူစေ့ကြိတ်ဖတ်တိရစ္ဆာန်အစာ ၂၃၄၈၅ တန်တို့တင်ပို့မှုပါဝင်ပါတယ်။
ဂျပန်နိုင်ငံကို ကြိတ်ဖတ်တိရစ္ဆာန်အစာတင်ပို့မှုဟာ ၉၇ ရာခိုင်နှုန်းတိုးမြှင့်ခဲ့တဲ့အတွက် တန်ချိန် ၁ ဒသမ ၉၀ သိန်းထိတင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံကို ၉၀ ရာခိုင်နှုန်းတိုးမြှင့်၍ တန်ချိန် ၁ ဒသမ ၅၁ သိန်းကျော်တင်ပို့နိုင်ခဲ့ တယ်လို့ SEA စာရင်းများအရ သိရပါတယ်။ဒါ့အပြင် ဗီယက်နမ်နဲ့ တောင်ကိုရီးယားနိုင်ငံများကိုလည်း ၁၀ ရာခိုင်နှုန်း-၁၈ရာခိုင်နှုန်းအကြား တိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့လ ဇူလိုင်လက အဓိကတင်ပို့တဲ့ ဆိပ်ကမ်း ၅ ခုအနက် Kandla ဆိပ်ကမ်းကနေ သင်္ဘောတင်ပို့မှုဟာ တန်ချိန် ၈ ဒသမ ၄၈ သိန်း တင်ပို့ နိုင်ခဲ့လို့ အမြင့်ဆုံး တင်ပို့နိုင်ခဲ့ပြီး Mumbai Bedi နဲ့ Kakinada ဆိပ်ကမ်းတို့မှလည်း များစွာတင်ပို့နိုင်ခဲ့ပါတယ်။

Source: Commodity Online
KMMH