MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (13 - 08 - 08)

ဘရာဇီးပဲပုတ်စေ့ မက်ထရစ်တန် ၆၀ သန်းထွက်ရှိမယ်။

ဘရာဇီးနိုင်ငံက ဒီနှစ်သီးနှံရာသီမှာ ပဲပုတ်စေ့မက်ထရစ်တန် ၆၀ သန်းနီးပါးရိတ်သိမ်းနိုင်မယ်လို့ ဘရားဇီး အမျိုးသားကုန်စည်ထောက်ပံ့ရေးကော်ပိုရေးရှင်း Conab မှ သိရ ပါတယ်။ ဒီနှစ်မှာ ဘရာဇီးနိုင်ငံရဲ့ ပဲပုတ်စေ့ကို ၂၀၀၆-၂၀၀၇ သီးနှံရာသီထက် ၂ ဒသမ ၉ ရာခိုင်နှုန်း ပိုမိုရိတ်သိမ်းနိုင်ပြီး ၂၀၀၇-၂၀၀၈ သီးနှံရာသီမှာ ပဲပုတ်စေ့တန်ချိန် ၅၉ ဒသမ ၈သန်းထွက်ရှိမယ်လို့ ဇူလိုင်လက ခန့်မှန်းခဲ့တယ်လို့ Conab က ပြောကြားခဲ့ပါတယ်။ ဘရာဇီးလယ်သမားများဟာ ၂၀၀၇-၂၀၀၈ ရာသီမှာ ပဲပုတ်စေ့ ဟက်တာ ၂၁ ဒသမ ၃သန်းစိုက်ပျိုးခဲ့ပြီး ၂၀၀၆-၂၀၀၇ ရာသီမှာ ဟက်တာ ၂၀ ဒသမ ၆သန်းစိုက်ပျိုးမှုထက်ပိုမိုခဲ့တယ်လို့လည်း Conabက ပြောကြားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာမှာ အမေရိကန်နိုင်ငံပြီးရင် ပဲပုတ်စေ့ဒုတိယအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။

Source: Commodity Online
KMMH