တရုတ်အစိုးရ အကြံပေးအဖွဲ့ ၂၀၀၈ ခုနှစ် ပဲပုပ်၊ ပြောင်း၊ ဆန် အထွက်တိုးတက်မည်ခန့်မှန်း။
တရုတ်အမျိုးသား သီးနှံနှင့် ဆီသတင်းအချက်အလက်ဗဟိုဌာနဟာ လစဉ်အစီရင်ခံစာထဲမှာ ၂၀၀၈ ခုနှစ် ပဲပုပ်၊ ပြောင်းနှင့် ဆန်အထွက် ခန့်မှန်းမှုကို တိုးမြှင့်ခန့်မှန်းခဲ့တယ်လို့ ၃၀.၇.၀၈ နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရအကြံပေးအဖွဲ့ဟာ ပဲပုပ်အထွက်ကို တန်ချိန်တစ်သန်းထပ်တိုးပြီး ၁၇.၅ သန်းလို့ တိုးမြှင့်ခန့်မှန်းခဲ့ပြီး ပြောင်းအထွက်ကိုလဲ တန်ချိန် ၂ သန်းထပ်တိုးကာ ၁၅၆ သန်းထွက်ဖို့ ခန့်မှန်းခဲ့ပါတယ်။ ဆန်ထွက်ရှိမှုကိုလဲ အစောပိုင်းခန့်မှန်းထားတဲ့ တန်ချိန် ၁၈၅ ဒသမ ၇ သန်းကနေ တန်ချိန် ၁၈၆ ဒသမ ၅ သန်း ကို တိုးမြှင့် ခန့်မှန်းခဲ့တယ်လို့ သိရပါတယ်။
နှင်းသစ္စာ
Source: riceonline.com (5.8.08)
|