MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (08 - 08 - 08)

တရုတ်နိုင်ငံရှိ စက်ရုံများအား ကမ္ဘာ့အိုလံပစ်ပွဲတော်ကျင်းပရန် ပိတ်လိုက်ခြင်းကြောင့် အိန္ဒိယနိုင်ငံ ဆေးဝါးဈေးနှုန်းများ အဆ မတန် မြင့်တက်လာမည့် အခြေအနေ။

တရုတ်နိုင်ငံမှာ၂၀၀၈ ခုနှစ်သြဂုတ်လ ၈ ရက်နေ့တွင် ကမ္ဘာ့အိုလံပစ်ပွဲတော်ကျင်းပပြုလုပ်မည် ဖြစ်လို့ တရုတ်အာဏာပိုင်များဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ကျဆင်းသွား စေရေးအတွက် လေထုညစ်ညမ်းစေ တဲ့စက်ရုံများအား ဇူလိုင်လ ၁၇ ရက်နေ့မှစက်တင်ဘာလ ၂၀ ရက်နေ့အထိ (၉ ပတ်) ကြာ ပိတ်ပစ်လိုက်ပါတယ်။၎င်းင်းစက်ရုံများတွင် ရာဘာစက်ရုံများ၊ ဓာတုစက်ရုံများ၊ ပလတ်စတစ်စက်ရုံများ၊ စတီးစက်ရုံများ၊ ဘိလပ်မြေ စက်ရုံများ၊ ကုတ်မီးသွေးစက်ရုံများ၊ ကျောက်မီးသွေးစက်ရုံများ စသည့်စက်ရုံများစွာ ပါဝင်ပါတယ်။ရေနံဓာတု စက်ရုံများသည်လည်း လေထုအတွင်းသို့ဓာတ်ငွေ့ထုတ်လုပ်ခြင်းကို ၃၀ ရာခိုင်နှုန်းလျှော့ ချပေးသွားရ မည်ဖြစ်ပါတယ်။ပေဂျင်းအနီးတ၀ိုက်တွင်ရှိတဲ့ ဓာတုစက်ရုံပေါင်း ၃၀၀ ကျော်ပိတ်ပစ်လိုက်ရပါတယ်။ ဒါ့ကြောင့် ဆေးဝါးထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သော ရေနံဓာတုပစ္စည်းများရဲ့ဈေးနှုန်းများအဆမတန် မြင့်တက် လာမယ်လို့ခန့်မှန်းရပါတယ်။
ပီကင်းမှ ၂၀၀ ကီလိုမီတာအတွင်းရှိစက်ရုံထောင်ပေါင်းများစွာအားပိတ်လိုက်ပါတယ်။သို့ဖြစ်ရာတရုတ် နိုင်ငံကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်များ၊ အလုပ်သမားများ နဲ့ပြည်သူ များသည်အနာဂတ်တွင် ဖြစ်ပေါ်လာမည့်ကုန် ဈေးနှုန်းများအတွက်စိုးထိတ်နေကြရပါတယ်။ ထိုသို့စက်ရုံများ ပိတ်လိုက်ခြင်းဟာ ဈေးနှုန်းများမြင့်တက်မှုကိုအားပေး ရာရောက် မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ စက်ရုံ ၇၀ ရာခိုင်နှုန်းမှာ ကျောက်မီးသွေးကိုအသုံးပြုလျက်ရှိပါတယ်။အစိုးရသည် လျှပ်စစ်မီးအားခများကို နှိမ့်ချပေးထားပေမဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှာ ကုန်ကျစရိတ်ပိုမို သက်သာစေတဲ့ ကျောက်မီးသွေးကိုသာ အသုံးပြုလျက်ရှိသောကြောင့် လေထုညစ်ညမ်းရခြင်းဖြစ်ပါတယ်။ကုန်ထုတ်လုပ်သူ အများစုသည် အိုလံပစ်ပွဲပြီးသွား သောအခါ ကုန်ဈေးနှုန်းများကို အစိုးရမှမြှင့်တင်ပေးရေးကို မျှော်လင့်စောင့်စား လျက်ရှိပါတယ်။

အေးမွန်မွန်လှိုင်
http:// www.asianews.it