တရုတ်နိုင်ငံရဲ့ ဆန်ရိတ်သိမ်းမှုဟာ စောစီးစွာပြီးစီးသွားပါပြီ်။
တရုတ်နိုင်ငံရဲ့ ဆန်သီးနှံစိုက်ပျိုးမှု တစ်ဝက်မျှပြီးစီးချိန်မှာ ပထမဦးဆုံးစိုက်ပျိုးတဲ့ ဆန်ကိုရိတ်သိမ်း ပြီးစီးပြီးဖြစ်ကြောင်း တရုတ်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ဖော် ပြောကြားလိုက်ပါတယ်၊ တရုတ်နိုင်ငံမှာ လယ်ယာဟက်တာပေါင်း ၅ ဒသမ ၆ သန်းကျော်ကို ရိတ်သိမ်းပြီးစီးပြီးဖြစ်ကြောင်းနဲ့ မျှော်မှန်းထားတာထက် ကျော်လွန်ကာ ၉၅ ရာခိုင်နှုန်းကျော်ကို ရိတ်သိမ်းပြီးဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ တရားဝင် Website မှာဖော်ပြထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ယခင်နှစ်ကထက်ဆန်ထုတ်လုပ်မှု ၀ ဒသမ ၁၁ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ၂၀၀၈ ခုနှစ်မှာ ဆန်တန်ချိန် ၁၈၅ ဒသမ ၇ သန်းထုတ်လုပ်ရန် မျှော်မှန်း ထားကြောင်း၊ တရုတ်နိုင်ငံ အမျိုးသား ကောက်ပဲသီးနှံနှင့် ဆီသတင်းအချက်အလက်စင်တာမှ ထုတ်ပြန်သော သတင်းအချက်အလက်တွင်ပါရှိပါတယ်။
Source: oryza.com
အေးမွန်မွန်လှိုင်
|