ပဲမျိုးစုံတင်သွင်းဖို့ အိန္ဒိယ။
၅.၈.၂၀၀၈ နေ့မှာ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းပဲမျိုးစုံရောင်းချမှုတိုးမြှင့်ရန်အတွက် အရေးပေါ် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံပိုင် ပုဂ္ဂလိက အင်တာပရိုက်စ်ဖြစ် တဲ့ STC ဟာ တင်သွင်းထားတဲ့ ပဲမျိုးစုံတန်ချိန် ၃၂၆၀ ကို ရောင်းချဖို့အတွက် လေလံခေါ်ယူနေပါတယ်။
လေလံပိတ်မယ့်ရက်က သြဂုတ်လ ၁၁ ရက်ဖြစ်ပြီး တင်ဒါဆုံးဖြတ်ချက်ကိုတော့ သြဂုတ်လ ၁၈ ရက်နေ့မှာ လုပ်မှာဖြစ်တယ်လို့ STC ရဲ့ Website မှာ ဖော်ပြထားပါတယ်။
ရောင်းချမယ့်ပဲများကတော့ မတ်ပဲတန်ချိန် ၂၉၆၀ နဲ့ ကုလားပဲဖြူလုံးကြီးတန်ချိန် ၃၀၀ ဖြစ်ပါတယ်။ ယင်းပဲများမှာ ၂၀၀၇-၂၀၀၈ ရာသီပဲများဖြစ်ပြီး မတ်ပဲကို မြန်မာနိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်၍ ကုလားပဲဖြူလုံးကြီးမှာ သြစတြေးလျမှဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲမျိုးစုံဟာ ၀ယ်လိုအားထက် အထွက်နည်းတဲ့အတွက် တင်သွင်းရခြင်းဖြစ်ပါတယ်။ ၂၀၀၇-၂၀၀၈ ရာသီမှာ ပဲမျိုးစုံထွက်ရှိမှုဟာ တန်ချိန် ၁၅ ဒသမ ၁၉ သန်းလို့ ခန့်မှန်းထားပြီး ပြည်တွင်းလိုအပ်ချက်က တန်ချိန် ၁၇-၁၈ သန်းဝန်းကျင်ရှိပါတယ်။
CTM
Source: Commodityonline.com
|