အိန္ဒိယမှ ဘာစမာတီမဟုတ်တဲ့ဆန်များ အာဖရိကသို့တင်ပို့ခွင့်ပြုတော့မယ်။
်တင်ပို့သူများနဲ့လယ်သမားများကို အခွင့်အရေးပေးတဲ့အနေနဲ့ ဗဟိုအစိုးရမှ ဘာစမာတီမဟုတ်သော ဆန်တန်ချိန် ၂-၃ သန်းခန့်ကို မကြာမီ အာဖရိကနိုင်ငံများသို့ တင်ပို့ခွင့်ပြု တော့မှာဖြစ်ပါတယ်။
ကမ္ဘာ့တစ်ဝှမ်း ဆန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အိန္ဒိယနိုင်ငံအတွင်း လယ်သမားများဟာ စပါးအများအပြား စိုက်ပျိုးခဲ့ကြရာ စိုက်ဧကများလည်း တိုးတက်ခဲ့ကြောင်း အစီရင်ခံစာ များအရ သိရှိရပါတယ်။
ဆန်ဈေးနှုန်း သိသိသာသာမြင့်တက်ခြင်းနဲ့ ပြည်တွင်းဈေးကွက်အတွင်း ပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေ ရန်နဲ့ ငွေကြေးဖောင်းပွမှု ၁၁ ရာခိုင်နှုန်းအထက် မြင့်တက်ခြင်းတို့ လျော့ချရန်အတွက် ဗဟိုအစိုးရမှ လွန်ခဲ့တဲ့လ အနည်းငယ်က ဘာစမာတီမဟုတ်တဲ့ ဆန်ပြည်ပတင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။
ပြည်ပတင်ပို့မှု ရပ်ဆိုင်းခြင်းအား လုံးဝဖယ်ရှားခြင်းမပြုသည့်တိုင် အိန္ဒိယတင်ပို့သူများအား နိုဝင်ဘာလ နောက်ပိုင်းမှာ အာဖရိကအချို့နိုင်ငံများသို့ ဆန်တန်ချိန် ၂-၃ သန်း တင်ပို့ရန် ခွင့်ပြုတော့မှာဖြစ်ပါတယ်။
နိုဝင်ဘာလအတွင်း ဘာစမာတီမဟုတ်သော ဆန်တန်ချိန် ၉၄ သန်းကို အပြည့်အ၀ ရိတ်သိမ်းရမယ်လို့ မျှော်လင့်လျက်ရှိပြီး ယင်း ၉၄ သန်းအနက် ၆ သန်းမှာ ပိုလျှံမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နွေစပါးစိုက်ပျိုးမှုဟာ ဇူလိုင် ၃၁ ရက်နေ့ထိ ဟက်တာ ၂၃ ဒဿမ ၁၃ သန်း စိုက်ပျိုးပြီးဖြစ်လို့ ယခင်နှစ်စိုက်ဧက ဟက်တာ ၂၀ ဒဿမ ၇၆ သန်းထက် ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
၂၀၀၇-၂၀၀၈ ရာသီနှစ်အတွင်း နိုင်ငံဆန်ထွက်ရှိမှုဟာ တန်ချိန် ၉၆ ဒဿမ ၄၃ သန်းထိရှိခဲ့ပြီး အောက်တိုဘာလမှစတင် ဈေးကွက်အတွင်းရောက်ရှိခဲ့ရာ ယခုနှစ် ဧပြီလက တင်ပို့မှုရပ်ဆိုင်းခြင်းမပြုမီ ၆လခန့် ပြည်ပတင်ပို့ခွင့်ပြုခဲ့ပါတယ်။
Source: Commodityonline.com
CTM
|