MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (05 - 08 - 08)

တရုတ်နဲ့ အာဆီယံ (ASEAN) ပထမ ၅ လတာကာလအတွင်းတွင် ကုန်သွယ်မှုတိုးတက်။

၂၀၀၈ ခုနှစ် ပထမ ၅ လတာကာလအတွင်းမှာ တရုတ်နဲ့ အာဆီယံနိုင်ငံများရဲ့ ကုန်သွယ်မှုပမာဏဟာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၅ ဒသမ ၅၅ ဘီလီယံရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်နေပါတယ်။
စုစုပေါင်းကုန်သွယ်မှုမှ တင်သွင်းမှုတန်ဖိုး ကန်ဒေါ်လာ ၅၀ ဒသမ ၂၇ ဘီလီယံ၊ ၂၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက် ခဲ့ပြီး ပို့ကုန်ပိုင်းမှာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၅ ဒသမ ၂၈ ဘီလီယံ၊ ၃၂ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ တယ်လို့ တရုတ်အကောက်ခွန် အထွေထွေစီမံခန့်ခွဲရေးဌာနမှ ဇူလိုင်လ ၂၇ ရက်နေ့ က ပြောကြားချက်ကို စင်ဟွာ သတင်းဌာနမှ ကိုးကားဖော်ပြခဲ့ပါတယ်။
ပထမ ၅ လတာကာလအတွင်း အာဆီယံနိုင်ငံများမှ နည်းပညာအဆင့်မြင့်ထုတ်ကုန်ပစ္စည်းအသစ် အဆန်းများကို တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၅ ဒသမ ၀၁ ဘီလီယံဖိုး တင်သွင်းခဲ့ရာ ၁၆ ဒသမ ၇ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး တင်ပို့မှုတန်ဖိုး ကန်ဒေါ်လာ ၁၃ ဒသမ ၂၁ ဘီလီယံဖိုးတင်ပို့ခဲ့ရာ ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အဓိကကုန်သွယ်ဘက်ထိပ်ဆုံးအာဆီယံ ၅ နိုင်ငံကတော့ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား နဲ့ ဖီလစ်ပိုင်တို့ ဖြစ်ပြီး အဲဒီ ၅ နိုင်ငံမှ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၈၄ ဒသမ ၈၄ ဘီလီယံ (သို့) တရုတ်-အာဆီယံစုစုပေါင်းကုန်သွယ်မှုရဲ့ ၈၈ ဒသမ ၈ ရာခိုင်နှုန်း ရှိပါတယ်။
အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ်တို့ ဖြစ်ပါတယ်။

TZL
Source:Bvom